မိုးတိမ်မှ မိုးရေကို သက်ရောက်စေ၍၊ ရောင်ခြည်တော်အားဖြင့် မိုးတိမ်ကို ပျောက်လွင့်စေတော်မူ၏။
အာဟပ်သည် စားသောက်ခြင်းငှာတက်သွား၏။ ဧလိယသည် ကရမေလတောင်ပေါ်သို့တက်၍၊ မြေ၌ပျပ်ဝပ်လျက် မျက်နှာကို ဒူးကြားမှာထားလျက်၊
ထူထပ်သော မိုးတိမ်တော်နှင့် ရေကိုထုပ်တော်မူ၍၊ မိုးတိမ်သည် မစုတ်မပြတ်နေ၏။
မိုးရွာမှုကိုစီရင်၍၊ မိုးကြိုးလျှပ်စစ်ပြက်ရာလမ်းကို ဖန်ဆင်းသောအခါ၊
အလင်းကို လက်တော်နှင့်ကွယ်ကာ၍၊ တစ်ဖန် ရန်သူရှိရာသို့ လွှတ်တော်မူ၏။
ထိုအမှုတို့ကို ဘုရားသခင်စီရင်၍၊ မိုးတိမ်တော်အလင်းကို ထွန်းလင်းစေတော်မူသောအခါ၊ သင်သည် သိသလော။
မိုးကောင်းကင်အောက်၌ အနှံ့အပြားလွှတ်၍၊ မြေကြီးစွန်းတိုင်အောင် လျှပ်စစ်ပြက်စေတော်မူ၏။
ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ နေအရောင်ထဲမှာ ကြည်လင်သော အရှိန်ကဲ့သို့လည်းကောင်း၊ အသီးအနှံကို သိမ်းယူရာ ပူသောကာလ၌ နှင်းနှင့်ပြည့်စုံသော မိုးတိမ်ကဲ့သို့လည်းကောင်း၊ ငါသည်ကျိန်းဝပ်၍ ငါ့နေရာအရပ်မှာ ကြည့်ရှုမည်။
ထိုသို့လျှောက်စဉ်တွင်၊ ထွန်းလင်းသောမိုးတိမ်သည် ထိုသူတို့ကို လွှမ်းမိုး၍၊ ဤသူသည် ငါနှစ်သက် မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့ဟု မိုးတိမ်က အသံတော်ဖြစ်လေ၏။-