ငါသည် ကိုယ်အကျိုးကို ပျက်စီးစေခြင်းငှာ မုသားပြောရမည်လော။ ငါမပြစ်မှားသော်လည်း၊ မပျောက်နိုင်သော အနာရောဂါစွဲပါသည်တကားဟု ဆိုမိပြီ။
မြားတော်တို့သည် ငါ့ကိုဝိုင်း၍ ကရုဏာတော်မရှိဘဲ၊ ငါ့ကျောက်ကပ်ကို စူးစေတော်မူ၏။ ငါ့သည်းခြေအရည်ကို မြေပေါ်၌ သွန်းတော်မူ၏။
ငါသည် စင်ကြယ်သောသဘောရှိ၏။ ပြစ်မှားခြင်းကို မပြုတတ်။ ငါ၌ အပြစ်မရှိ။ သန့်ရှင်းခြင်းရှိ၏။
အနန္တတန်ခိုးရှင် ပစ်တော်မူသော မြားတို့သည် ငါ၌စွဲ၍၊ အဆိပ်အတောက်ဖြင့် ငါ့ဝိညာဉ်ကို မွန်းစေ၏။ ဘုရားသခင်ပြတော်မူသော ကြောက်မက်ဖွယ်အရာတို့သည် ငါ့ရှေ့မှာ စီလျက်ရှိကြ၏။
အကျွန်ုပ်ခံရသောဝေဒနာသည် အဘယ်ကြောင့် မြဲပါသနည်း။ မပျောက်လို၊ မပျောက်နိုင်သောအနာကို အဘယ်ကြောင့် ခံရပါသနည်း။ အကယ်စင်စစ် ကိုယ်တော်သည်ပျောက်တတ်၍၊ လှည့်စားသောရေကဲ့သို့ အကျွန်ုပ်၌ ဖြစ်တော်မူပါပြီတကား။