ယောဘက၊ ငါဖြောင့်မတ်၏။ ဘုရားသခင်သည် ငါ့ကို အမှုရှုံးစေတော်မူ၏။
အကျွန်ုပ်သည် လူဆိုးမဟုတ်ကြောင်းနှင့် လက်တော်မှ အဘယ်သူမျှ မကယ်မနုတ်နိုင်ကြောင်းကို သိတော်မူ၏။
သင်က၊ ငါ့စကားဖြောင့်၏။ ဘုရားသခင့်ရှေ့တော်၌ ငါသန့်ရှင်း၏ဟု ဆိုမိပြီ။
ယခုငါ့အမှုကို ငါပြင်ဆင်ပြီ။ ငါ၌အပြစ်လွတ်ခြင်း ထင်ရှားမည်ဟု ငါသိ၏။
သို့သော်လည်း ငါ့လက်၌ မတရားသောအမှု မရှိ။ ငါပြုသောပတ္ထနာသည် သန့်ရှင်း၏။
ငါသည် ကိုယ်ခံရသော ညှဉ်းဆဲခြင်းကိုအကြောင်းပြု၍ မြည်တမ်းသော်လည်း၊ အဘယ်သူမျှနားမထောင်။ အော်ဟစ်သော်လည်း တရားသဖြင့် စီရင်သောသူမရှိ။
ငါ့ကို အမှုရှုံးစေတော်မူသောဘုရားသခင်၊ ငါ့ဝိညာဉ်ကို ညှဉ်းဆဲတော်မူသောအနန္တတန်ခိုးရှင်သည် အသက်ရှင်တော်မူသည်မှန်လျှင်၊
ဖြောင့်မတ်ခြင်းပါရမီကို အဝတ်လုပ်၍ ငါဝတ်ဆင်၏။ တရားသည် ငါ့ဝတ်လုံ၊ ငါ့ပေါင်းဖြစ်၏။
ထိုသို့ယောဘသည် မိမိဖြောင့်မတ်သည်ဟု ထင်သောကြောင့်၊ ထိုသူသုံးယောက်တို့သည် ပြန်၍ မပြောဘဲနေကြ၏။
ငါသည် စင်ကြယ်သောသဘောရှိ၏။ ပြစ်မှားခြင်းကို မပြုတတ်။ ငါ၌ အပြစ်မရှိ။ သန့်ရှင်းခြင်းရှိ၏။
ငါတို့သည် ကိုယ်အဖို့အလိုငှာ စစ်၍ တရားသဖြင့် စီရင်ကြကုန်အံ့။ ကောင်းသောအရာကို ကိုယ်တိုင်အားဖြင့် သိမှတ်ကြကုန်အံ့။
ပြန်၍ ဆင်ခြင်ကြပါ။ မတရားသဖြင့် မပြုကြပါနှင့်။ ပြန်၍ ဆင်ခြင်ကြပါ။ ဤအမှု၌ ငါသည် ဖြောင့်မတ်ပါ၏။
ဘုရားသခင်သည် မတရားသဖြင့် အပြစ်ပေးတော်မူမည်လော။ အနန္တတန်ခိုးရှင်သည် တရားကို ဖျက်တော်မူမည်လော။
အကြောင်းမူကား၊ မိုးသက်မုန်တိုင်းဖြင့် ငါ့ကိုညှဉ်းဆဲ၍၊ အကြောင်းမရှိဘဲ ငါ၌ အနာတို့ကို များပြားစေတော်မူ၏။
အို ယာကုပ်အမျိုး၊ သင်သွားသောလမ်းကို ထာဝရဘုရားသိတော်မမူဟု အဘယ်ကြောင့်ပြောသနည်း။ အို ဣသရေလအမျိုး၊ သင့်အမှုကို သင်၏ဘုရားသခင် မှတ်တော်မမူဟု၊ အဘယ်ကြောင့်ဆိုရသနည်း။