Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 31:9

Judson Bible

သူ့​မ​ယား​ကို ငါ​တပ်​မက်​မိ​သော်​လည်း​ကောင်း၊ အိမ်​နီး​ချင်း​တံ​ခါး​နား​မှာ ငါ​ချောင်း​မိ​သော်​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​သည် အ​သက်​ကြီး​သော​အ​ခါ၊ မိန်း​မ​များ​တို့​သည် စိတ်​နှ​လုံး​တော်​ကို အ​ခြား​တစ်​ပါး​သော ဘု​ရား​နောက်​သို့​လွဲ​စေ​သ​ဖြင့်၊ စိတ်​နှ​လုံး​တော်​သည် ခ​မည်း​တော်​ဒါ​ဝိဒ်၏​စိတ်​နှ​လုံး​ကဲ့​သို့ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စုံ​လင်​ခြင်း​မ​ရှိ။

ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ရှော​လ​မုန်​သည် ထို​သို့​ပြု၍ ပြစ်​မှား​ရာ​ရောက်​သည် မ​ဟုတ်​လော။ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်၌ သူ​နှင့်​တူ​သော​ရှင်​ဘု​ရင် မ​ရှိ။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ဘု​ရား​သ​ခင် ခန့်​ထား​သည်​တိုင်​အောင် စိတ်​တော်​နှင့်​တွေ့​သော​သူ ဖြစ်​သော်​လည်း၊ တစ်​ပါး​အ​မျိုး​သား​မိန်း​မ​တို့​သည် ပြစ်​မှား​စေ​သည်​တ​ကား။

ငါ​သည်​အ​ပျို​ကို​မျှ မ​ကြည့်​ရှု​မည်​အ​ကြောင်း၊ ကိုယ်​မျက်​စိ​နှင့် ပ​ဋိ​ညာဉ်​ဝန်​ခံ​ခြင်း​ကို ပြု​ပြီ။

အ​မျိုး​ပျက်​သော​မိန်း​မ၏​နှုတ်​သည် နက်​သော မြေ​တွင်း​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​သော​သူ​သည် ထို​မြေ​တွင်း​ထဲ​သို့ ကျ​လိမ့်​မည်။

ထို​သို့​သော​မိန်း​မ​သည် အ​ဆင်း​လှ​သော်​လည်း၊ တပ်​မက်​သော​စိတ်​မ​ရှိ​နှင့်။ သူ​သည် မျက်​ခမ်း​တို့​ဖြင့် သင့်​ကို မ​ကျော့​မိ​စေ​နှင့်။

လူ​သည် အ​ဝတ်​မ​လောင်​ဘဲ မီး​ကို ပိုက်​ဖက်​နိုင်​သ​လော။

ချစ်​ဖွယ်​သော စ​ကား​နှင့် ထို​သူ​ကို သွေး​ဆောင်၍ ချော့​မော့​တတ်​သော နှုတ်​ခမ်း​နှင့် နိုင်​သ​ဖြင့်၊

ကျော့​ကွင်း​နှင့် ပိုက်​ကွန်​တို့​ကို ကြံ​စည်​ပြင်​ဆင်၍ ကြိုး​နှင့်​ချည်​နှောင်​တတ်​သော​မိန်း​မ​သည်၊ သေ​ခြင်း​ထက် သာ၍​ခါး​သည်​ကို ငါ​တွေ့​ပြီ။ ဘု​ရား​သ​ခင်​စိတ်​တွေ့​တော်​မူ​သော​သူ​သာ​လျှင်၊ ထို​မိန်း​မ​လက်​နှင့် လွတ်​လိမ့်​မည်။ အ​ပြစ်​ပြု​တတ်​သော​သူ​ကို​ကား၊ ဖမ်း​မိ​လိမ့်​မည်။

ဝ​စွာ​စား​ရ​သော မြင်း​ကဲ့​သို့​ဖြစ်၍၊ အ​သီး​အ​သီး​အိမ်​နီး​ချင်း​မ​ယား​တို့​ကို တပ်​သော​စိတ်​နှင့် ဟီ​ကြ​ပြီ။

ထို​သူ​အ​ပေါင်း​တို့​သည် မ​တ​ရား​သော မေ​ထုန်​ဖြင့် မှား​ယွင်း​သော​သူ​ဖြစ်၍၊ မီး​ထည့်​သော မုန့်​သည်၏ မီး​ဖို​နှင့်​တူ​ကြ၏။ မုန့်​စိမ်း​ကို​နယ်​ပြီး​မှ မ​ဖောင်း​ကြွ​မီ​တိုင်​အောင်၊ မီး​ကို​မ​ဆော်​ဘဲ ငြိမ်​ဝပ်​စွာ နေ​ရ၏။

သူ့​မ​ယား​ကို​ပြစ်​မှား​သော​သူ​သည် မှား​ယွင်း​သော​မိန်း​မ​နှင့်​တ​ကွ အ​သေ​သတ်​ခြင်း​ကို​အ​မှန်​ခံ​ရ​မည်။

ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏​မ​ယား​ကို တပ်​မက်​သော​စိတ် မ​ရှိ​စေ​နှင့်။ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏​အိမ်၊ လယ်​ယာ၊ ကျွန်​ယောက်ျား မိန်း​မ၊ နွား​မြည်း​မှ​စ၍ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ၏​ဥ​စ္စာ တစ်​စုံ​တစ်​ခု​ကို​မျှ တပ်​မက်​လို​ချင်​သော​စိတ် မ​ရှိ​စေ​နှင့်​ဟု မိန့်​တော်​မူ၏။

ဖိ​လိ​တ္တိ​မင်း​တို့​သည် ထို​မိန်း​မ​ဆီ​သို့​လာ၍၊ ရှံ​ဆုန်၌ ကြီး​သော​ခွန်​အား​သည် အ​ဘယ်​အ​ရာ​အား​ဖြင့်​တည်​သ​နည်း၊ သူ့​ကို ချည်​နှောင်၍ နှိပ်​စက်​ခြင်း​ငှာ အ​ဘယ်​သို့ တတ်​နိုင်​မည်​နည်း​ဟု သူ့​ကို​ချော့​မော့၍ စူး​စမ်း​ပါ။ ငါ​တို့​သည် ဝိုင်း၍ ငွေ​ဆယ်​တစ်​ပိဿာ​ကို ပေး​မည်​ဟု ဆို​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ