Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 31:10

Judson Bible

ငါ့​မ​ယား​သည် သူ​တစ်​ပါး​ထံ၌ ကြိတ်​ဆုံ​ကြိတ်​ရ​ပါ​စေ။ သူ​တစ်​ပါး​သည် ငါ့​မ​ယား​ကို ရှုတ်​ချ​ပါ​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်၌ ရန်​ဘက်​ပြု​သော​သူ​ကို သင်၏​အ​ဆွေ​အ​မျိုး​တို့​အ​ထဲ​က ငါ​ပေါ်​စေ​မည်။ သင့်​မျက်​မှောက်​တွင် သင်၏​မ​ယား​တို့​ကို​ငါ​ယူ၍ သင့်​အိမ်​နီး​ချင်း၌​အပ်​သ​ဖြင့်၊ သူ​သည် နေ​ရှေ့​မှာ သင်၏​မ​ယား​တို့​နှင့် ပေါင်း​ဖော်​လိမ့်​မည်။

သင်​သည် ဤ​အ​မှု​ကို မ​ထင်​မ​ရှား​ပြု​သော်​လည်း၊ နေ​ရှေ့​မှာ​ငါ​လှန်​ပြ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို ပြန်​ကြား​လေ၏။

ငါ့​လက်​မောင်း​သည် ပ​ခုံး​က​ကျ​ပါ​စေ။ ငါ့​လက်​ရိုး ကျိုး​ပါ​စေ။

နန်း​ထိုင်​သော ဖာ​ရော​ဘု​ရင်၏​သား​ဦး​မှ​စ၍၊ ကြိတ်​ဆုံ​နောက်၌ ထိုင်​သော ကျွန်​မ၏​သား​ဦး​တိုင်​အောင်၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သ​မျှ​သော သား​ဦး​တို့​နှင့် တိ​ရ​စ္ဆာန်​တို့၏ သား​ဦး​ရှိ​သ​မျှ​တို့​သည် သေ​ကြ​လိမ့်​မည်။

ကြိတ်​ဆုံ​ကို​ယူ၍ စ​ပါး​ကို ကြိတ်​လော့။ မျက်​နှာ​ဖုံး​ကို ဖွင့်​လော့။ ရှည်​သော​အင်္ကျီ​ကို ချွတ်​လော့။ ပေါင်​အ​ဝတ်​ကို​ပင့်၍ မြစ်​ကို​ကူး​လော့။

ထို​အ​ကြောင်း​ကြောင့်၊ သူ​တို့​မ​ယား​များ​ကို သူ​တစ်​ပါး​တို့၌​ငါ​အပ်​မည်။ သူ​တို့​လယ်​ယာ​များ​ကို သူ​တစ်​ပါး​တို့​အား အ​ပိုင်​ပေး​မည်။ အ​ငယ်​ဆုံး​သော​သူ​မှ​စ၍ အ​ကြီး​ဆုံး​သော​သူ​အ​ပေါင်း​တို့​သည် မ​တ​ရား​သော​စီး​ပွား​ကို ရှာ​ကြ၏။ ပ​ရော​ဖက်​မှ​စ၍ ယဇ်​ပု​ရော​ဟိတ် ရှိ​သ​မျှ​တို့​သည် မု​သား​ကို​သုံး​ကြ၏။

ကြိတ်​ဆုံ​ကြိတ်​သော သူ​နှစ်​ယောက်​တို့​တွင် တစ်​ယောက်​ကို​သိမ်း​ယူ၍ တစ်​ယောက်​မူ​ကား နေ​ရစ်​ရ​လ​တ္တံ့။-

မိန်း​မ​နှင့် လက်​ထပ်​ပြီး​သော်​လည်း အ​ခြား​သော​သူ​သည် ပေါင်း​ဖော်​ရ​လိမ့်​မည်။ အိမ်​ကို​ဆောက်​သော်​လည်း ကိုယ်​တိုင်​မ​နေ​ရ။ စ​ပျစ်​ဥ​ယျာဉ်​ကို စိုက်​သော်​လည်း စ​ပျစ်​သီး​ကို မ​ဆွတ်​မ​ယူ​ရ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ