Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 31:5

Judson Bible

မု​သား​လမ်း​သို့ ငါ​လိုက်​မိ​သော်​လည်း​ကောင်း၊ လှည့်​စား​ခြင်း​ငှာ ငါ​ပြေး​မိ​သော်​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အ​ဘယ်​သူ​မျှ လှည့်​စား​ခြင်း​ကို​ခံ၍ အ​န​တ္တ​ကို မ​ခို​လှုံ​စေ​နှင့်။ သို့​မ​ဟုတ် အ​န​တ္တ​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။

အိမ်​နီး​ချင်း​တို့​သည် တစ်​ဦး​ကို​တစ်​ဦး မု​သား​သုံး၍ ချော့​မော့​သော​နှုတ်​ခမ်း၊ နှစ်​ခွ​သော​စိတ်​နှင့် ပြော​တတ်​ကြ​ပါ၏။

လျှပ်​ပေါ်​သော လူ​တို့​နှင့်​အ​တူ မ​ထိုင်​ပါ။ လျှို့​ဝှက်​သော လူ​စု​ထဲ​သို့ မ​ဝင်​ပါ။

အ​ချင်း​လူ​သား​တို့၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငါ၏​ဘုန်း​ကို ရှုတ်​ချ​ကြ​မည်​နည်း။ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး အ​န​တ္တ​ကို နှစ်​သက်၍ မု​သား​ကို လိုက်​ရှာ​ကြ​မည်​နည်း။

မိ​မိ​လယ်​ယာ​ကို လုပ်​သော​သူ​သည် ဝ​စွာ​စား​ရ၏။ အ​ချည်း​နှီး​သော​အ​မှု​ကို စောင့်​သော​သူ​မူ​ကား၊ ဉာဏ်​ချို့​တဲ့၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့၏​ဘိုး​ဘေး​တို့​သည် ငါ့​ထံ​မှ​ဝေး​စွာ​ထွက်​သွား၍၊ အ​န​တ္တ​လမ်း​သို့​လိုက်​လျက်၊ အ​န​တ္တ​သက်​သက် ဖြစ်​ရ​မည်​အ​ကြောင်း၊ ငါ၌​အ​ဘယ်​မည်​သော​အ​ပြစ်​ကို တွေ့​ကြ​သ​နည်း။

ထို​ကြောင့် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် အ​ချည်း​နှီး​သော​စ​ကား​ကို​ပြော၍ မု​သား​ရူ​ပါ​ရုံ​ကို​မြင်​သော​ကြောင့် ငါ​သည် သင်​တို့​တစ်​ဖက်၌​နေ၏။

ကိုယ်​အ​လို​သို့​လိုက်၍ မု​သား​စ​ကား​ကို သုံး​သော​သူ​က၊ ငါ​သည်​ပ​ရော​ဖက်​ပြု၍ စ​ပျစ်​ရည်​တ​ရား​နှင့် သေ​ရည်​သေ​ရက်​တ​ရား​ကို ဟော​ပြော​မည်​ဟု​ဆို​လျှင်၊ ထို​သူ​သည် ဤ​လူ​တို့၏​ပ​ရော​ဖက် ဖြစ်​ရ​လိမ့်​မည်။

မြတ်​စွာ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ မြတ်​စွာ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​တိုင် သိ​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​လည်း ကိုယ်​တိုင်​သိ​ရ​လိမ့်​မည်။ ပုန်​ကန်​မည်​အ​ကြံ၊ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​မည်​အ​ကြံ​ရှိ၍၊ ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ မ​လိုက်​ဘဲ လွှဲ​သွား​ခြင်း​ငှာ ငါ​တို့​သည် ယဇ်​ပ​လ္လင်​ကို တည်​သည်​မှန်​လျှင်၊ ယ​နေ့ ဘေး​မ​လွတ်​ပါ​စေ​နှင့်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ