Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 31:4

Judson Bible

ဘု​ရား​သ​ခင်​သည် ငါ​သွား​ရာ​လမ်း​တို့​ကို မြင်​တော်​မူ​သည် မ​ဟုတ်​လော။ ငါ့​ခြေ​ရာ​ရှိ​သ​မျှ​တို့​ကို ရေ​တွက်​တော်​မူ​သည်​မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​မိန့်​မြွက်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို၊ အာ​တော​ဧ​လ​ရော ဟူ​သော​အ​မည်​ဖြင့်​ခေါ်​ဝေါ်၍၊ ငါ့​ကို​မြင်​တော်​မူ​သော​သူ​ကို ဤ​အ​ရပ်၌​ပင် ငါ​ဖူး​မြင်​ရ​သည်​တ​ကား​ဟု ဟာ​ဂ​ရ​ဆို​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် စုံ​လင်​သော စေ​တ​နာ​စိတ်​ရှိ​သော​သူ​တို့​ဘက်၌၊ ခိုင်​ခံ့​စွာ​နေ​ခြင်း​ငှာ၊ မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​နှံ့​အ​ပြား​ကြည့်​ရှု​လျက် ရှိ​တော်​မူ၏။ ဤ​အ​မှု၌ မင်း​ကြီး​သည် မိုက်​စွာ​ပြု​ပြီ။ ယ​ခု​မှ​စ၍ စစ်​မှု​ရှိ​လိမ့်​မည်​ဟု ဆို၏။

ဘု​ရား​သ​ခင်​သည် ဆိုး​သော​သူ​တို့၏​သ​ဘော​ကို သိ​တော်​မူ၏။ သူ​တို့​အ​မှတ်​တ​မဲ့​ပြု​သော ဒု​စ​ရိုက်​ကို သိ​မြင်​တော်​မူ၏။

ယ​ခု​မှာ အ​ကျွန်ုပ်​ခြေ​ရာ​တို့​ကို ကိုယ်​တော်​သည်​ရေ​တွက်၍၊ အ​ကျွန်ုပ်​အ​ပြစ်​တို့​ကို စောင့်​တော်​မူ၏။

သို့​သော်​လည်း ငါ​သွား​သော​လမ်း​ကို သိ​တော်​မူ၏။ စစ်​တော်​မူ​ခြင်း​ကို ခံ​ပြီး​မှ၊ ရွှေ​ကဲ့​သို့​ငါ​ပေါ်​လိမ့်​မည်။

သို့​ရာ​တွင် ရဲ​ရင့်​စွာ ခို​လှုံ​ရာ​အ​ခွင့်​ကို သူ့​အား​ပေး၍၊ ထို​သို့​သော သူ​တို့၏​အ​မှု​များ​ကို ပ​မာ​ဏ​ပြု​တော်​မူ၏။

ပ​ညာ​နေ​ရာ​အ​ရပ်​ကို သိ​တော်​မူ၏။

ငါ​သည် ကိုယ်​အ​ပြု​အ​မူ​အ​လုံး​စုံ​တို့​ကို ဖော်​ပြ​ပါ​မည်။ မင်း​ကဲ့​သို့ အ​ထံ​တော်​သို့ ချဉ်း​ကပ်​ပါ​မည်။

အ​ကြောင်း​မူ​ကား၊ လူ​သွား​ရာ​လမ်း​တို့​ကို ဘု​ရား​သ​ခင်​ကြည့်​ရှု၍၊ လူ​ခြေ​ရာ​ရှိ​သ​မျှ​တို့​ကို မြင်​တော်​မူ၏။

ဖြောင့်​မတ်​သော​သူ​တို့​ကို ပ​မာ​ဏ​မ​ပြု​ဘဲ နေ​တော်​မ​မူ။ ရှင်​ဘု​ရင်​နှင့်​အ​တူ ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထာ​ဝ​ရ​နေ​ရာ​ချ၍ ချီး​မြှောက်​တော်​မူ၏။

နှ​လုံး၌​ဝှက်​ထား​သော​အ​ရာ​များ​ကို ဘု​ရား​သ​ခင်​သိ​တော်​မူ​သည်​ဖြစ်၍၊ ထို​အ​မှု​ကို မ​စစ်​ဘဲ​နေ​တော်​မူ​မည်​လော။

ထာ​ဝ​ရ​ဘု​ရား၏​မျက်​စိ​တော်​သည် ခပ်​သိမ်း​သော​အ​ရပ်၌​ရှိ၍၊ ကောင်း​မ​ကောင်း​ကို ကြည့်​ရှု​တော်​မူ၏။

လူ​သွား​လာ​သ​မျှ​သော​လမ်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မျက်​မှောက်​တော်၌​ရှိ​ကြ၍၊ သွား​လာ​သ​မျှ​သော အ​ခြင်း​အ​ရာ​တို့​ကို စူး​စမ်း​တော်​မူ၏။

သူ​တို့​သွား​သ​မျှ​သော​လမ်း​တို့​ကို ငါ​သည် ကြည့်​ရှု​လျက်​နေ၏။ သူ​တို့​သည် ငါ့​မျက်​ကွယ်၌ သွား​ကြ​သည်​မ​ဟုတ်။ သူ​တို့၏ ဒု​စ​ရိုက်​ကို ငါ့​ရှေ့​မှာ ဝှက်၍​မ​ထား​နိုင်။

ထူး​ဆန်း​သော​အ​ကြံ​ကို ကြံ၍၊ ထူး​ဆန်း​သော​အ​မှု​ကို စီ​ရင်​တော်​မူ​လျက်၊ လူ​အ​သီး​အ​သီး​တို့ ကျင့်​ကြံ​ပြု​မူ​သည်​အ​တိုင်း အ​ကျိုး​အ​ပြစ်​ကို ပေး​ခြင်း​ငှာ၊ လူ​သား​များ သွား​လာ​သော လမ်း​အ​လုံး​စုံ​တို့​ကို အ​စဉ်​ကြည့်​ရှု​လျက်​နေ​တော်​မူ၏။

ကောင်း​ကင်​ဘုံ၏ အ​ရှင်​ကို ဆန့်​ကျင်​ဘက်​ပြု၍၊ ဗိ​မာန်​တော်၏ ဖ​လား​တို့​ကို ရှေ့​တော်​သို့ ယူ​ခဲ့​စေ၍၊ ကိုယ်​တော်​တိုင်​မှ​စ​သော မှူး​တော်​မတ်​တော်၊ မိ​ဖု​ရား၊ မောင်း​မ​မိဿံ​တို့​သည် ထို​ဖ​လား​တို့​နှင့် စ​ပျစ်​ရည်​ကို သောက်​ကြ​ပြီ​တ​ကား။ မျက်​စိ​မ​မြင်၊ နား​မ​ကြား၊ အ​ဘယ်​အ​ရာ​ကို​မျှ မ​သိ​သော ငွေ​ဘု​ရား၊ ရွှေ​ဘု​ရား၊ ကြေး​ဝါ​ဘု​ရား၊ သံ​ဘု​ရား၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို ချီး​မွမ်း၍၊ ကိုယ်​တော်၏ အ​သက်​သ​ခင်​တည်း​ဟူ​သော ကိုယ်​တော်၏​အ​မှု​အ​လုံး​စုံ​တို့​ကို စီ​ရင်​ပိုင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို မ​ချီး​မွမ်း​ဘဲ နေ​ပါ​ပြီ​တ​ကား။

နာ​သ​နေ​လ​က​လည်း၊ ကိုယ်​တော်​သည် အ​ဘယ်​သို့​သော​အား​ဖြင့် အ​ကျွန်ုပ်​ကို သိ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​သော်၊ ယေ​ရှု​က၊ ဖိ​လိ​ပ္ပု​သည် သင့်​ကို​မ​ခေါ်​မီ၊ သင်​သည် သင်္ဘော​သ​ဖန်း​ပင်​အောက်၌ ရှိ​သည်​ကို ငါ​မြင်​သည်​ဟု ပြန်၍​မိန့်​တော်​မူ​လျှင်၊-

ငါ​တို့​ကို စစ်​ကြော​စီ​ရင်​တော်​မူ​သော​သူ​ရှေ့၌ မ​ထင်​ရှား​သော အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ၊ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​ကွယ်​အ​ကာ မ​ရှိ​ဘဲ၊ မျက်​မှောက်​တော်၌ လှန်​ထား​လျက် ရှိ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ