Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 31:3

Judson Bible

ဆိုး​သော​သူ​တို့​သည် ပျက်​စီး​ခြင်း​သို့​လည်း​ကောင်း၊ မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့​လည်း​ကောင်း ရောက်​ရ​ကြ​မည် မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

မြင်​သော​သူ​တစ်​ယောက်​သည် ယွာ​ဘ​ထံ​သို့ သွား၍၊ သ​ပိတ်​ပင်၌ အ​ဗ​ရှ​လုံ​ဆွဲ​နေ​သည်​ကို ကျွန်​တော်​မြင်​ခဲ့​သည်​ဟု ကြား​ပြော​လျှင်၊

သူ​သည် ငတ်​မွတ်​သော​အား​ဖြင့် အား​လျော့​လျက်၊ ပျက်​စီး​ခြင်း​ဘေး​နှင့် တွေ့​လု​လျက်​ရှိ၏။

ထို​သို့​သော​ဆု​လာဘ်​ကို ဘု​ရား​သ​ခင်​သည် လူ​ဆိုး​အား​ပေး​တော်​မူ၏။ ထို​သို့​သော​အ​မွေ​ဥ​စ္စာ​ကို ဘု​ရား​သ​ခင်​ခွဲ​ဝေ​စီ​ရင်​တော်​မူ​သည်​ဟု မြွက်​ဆို၏။

မ​တ​ရား​သော​သူ​တို့၏ မီး​ခွက်​သည်​သေ၍၊ သူ​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် အ​မျက်​တော်​ထွက်​သ​ဖြင့်၊ ဘယ်​နှစ်​ကြိမ်​ဘေး​ဥ​ပဒ်​တို့​ကို စီ​ရင်​တော်​မူ​ဖူး​သည်​ကို​လည်း​ကောင်း၊

ဖျက်​ဆီး​ရာ​နေ့​ရက်​ကာ​လ​ဖို့ မ​တ​ရား​သော​သူ​တို့​သည် ယ​ခု​ဘေး​လွတ်​လိမ့်​မည်​အ​ကြောင်း၊ ဒေါ​သ​အ​မျက်​ခံ​ရာ နေ့​ရက်​ကာ​လ​ဖို့ ယ​ခု​ထွက်​မြောက်​လိမ့်​မည် အ​ကြောင်း​တည်း​ဟူ​သော သူ​တို့​လ​က္ခ​ဏာ​သက်​သေ​များ​ကို မ​သိ​ကြ​သ​လော။

ငါ​သည် ဘု​ရား​သ​ခင် ဖျက်​ဆီး​တော်​မူ​ခြင်း​ဘေး​ကို ကြောက်​ရွံ့၍၊ တန်​ခိုး​အာ​နု​ဘော်​တော်​ကြောင့် မ​ပြစ်​မှား​ဝံ့​ဘဲ​နေ​ပါ​ပြီ။

မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ၏​ပုန်း​ရှောင်​ရာ မှောင်​မိုက်၊ သေ​မင်း​အ​ရိပ်​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။

အို​ဘု​ရား​သ​ခင်၊ အ​ခြား​သော​သူ​တို့​ကို ဖျက်​ဆီး​ရာ​တွင်း​ထဲ​သို့ ချ​တော်​မူ​မည်။ လူ​အ​သက်​ကို သတ်​သော​သူ​နှင့် သ​စ္စာ​ပျက်​သော​သူ​တို့​သည် မိ​မိ​အ​သက်​တာ တစ်​ဝက်​ခန့်​မျှ မ​ရှင်​ရ​ကြ။ အ​ကျွန်ုပ်​မူ​ကား၊ ကိုယ်​တော်၌ ခို​လှုံ​ပါ​မည်။

အ​ကယ်​စင်​စစ် ကိုယ်​တော်​သည် သူ​တို့​ကို ချော​သော​အ​ရပ်၌ ထား​တော်​မူ​ပြီ။ ဖျက်​ဆီး​ရာ​အ​ရပ်​သို့ ချ​တော်​မူ၏။

သင်​တို့ ကြောက်​မက်​ဖွယ်​သော​အ​မှု​သည် သုတ်​သင်​ပယ်​ရှင်း​ခြင်း​အ​မှု​ကဲ့​သို့​လည်း​ကောင်း၊ သင်​တို့​ပျက်​စီး​ခြင်း​အ​မှု​သည် လေ​ပြင်း​မုန်​တိုင်း​ကဲ့​သို့​လည်း​ကောင်း ရောက်​လာ၍၊ သင်​တို့​သည် ဆင်း​ရဲ​ခြင်း၊ ပူ​ပန်​ခြင်း​နှင့် တွေ့​ကြုံ​သော​အ​ခါ၊

ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​လမ်း​သည် ဖြောင့်​မတ်​သော​သူ ခိုင်​ခံ့​ခြင်း​အ​ကြောင်း​ဖြစ်၏။ မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ​တို့​မူ​ကား၊ ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ကြ​လိမ့်​မည်။

ဖြောင့်​မတ်​သော​သူ​သည် တ​ရား​သ​ဖြင့်​စီ​ရင်၍ ဝမ်း​မြောက်​တတ်၏။ အ​ဓ​မ္မ​အ​မှု​ကို​ပြု​သော​သူ​မူ​ကား၊ ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် အ​မှု​တော်​တည်း​ဟူ​သော၊ ထူး​ခြား​သော အ​မှု​တော်​ကို ပြု​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လုပ်​တော်​တည်း​ဟူ​သော၊ လုပ်​မြဲ​မ​ဟုတ်​သော အ​လုပ်​တော်​ကို လက်​စ​သတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ပေ​ရ​ဇိမ်​တောင်​ပေါ်​မှာ ပြု​သ​ကဲ့​သို့ ထ​တော်​မူ​မည်။ ဂိ​ဗောင်​ချိုင့်​ထဲ​မှာ ရှိ​သ​ကဲ့​သို့ အ​မျက်​ထွက်​တော်​မူ​မည်။

သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား​သည် အ​သစ်​ဖန်​ဆင်း​တော်​မူ​သ​ဖြင့်၊ မြေ​ကြီး​ကွဲ​ပွင့်​လျက် ဤ​လူ​တို့​ကို​လည်း​ကောင်း၊ သူ​တို့​နှင့်​ဆိုင်​သ​မျှ​ကို​လည်း​ကောင်း​မျို၍၊ သူ​တို့​သည် အ​သက်​ရှင်​လျက် သေ​မင်း​နိုင်​ငံ​သို့​ဆင်း​သွား​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၌ ပြစ်​မှား​ကြောင်း​ကို သင်​တို့​သည် သိ​နား​လည်​ရ​ကြ​လိမ့်​မည်​ဟု၊

ကျဉ်း​သော​တံ​ခါး​ကို ဝင်​ကြ​လော့။ ပျက်​စီး​ခြင်း​သို့ ရောက်​သော​လမ်း​နှင့် တံ​ခါး​သည် ကျယ်​ဝန်း​သည် ဖြစ်၍ ဝင်​သော​သူ​တို့​သည် များ​ကြ၏။-

ဘု​ရား​သ​ခင်​သည် မိ​မိ​အ​မျက်​တော်​ကို​ပြ၍၊ တန်​ခိုး​တော်​ကို ထင်​ရှား​စေ​ခြင်း​ငှာ အ​လို​တော်​ရှိ​လျက်၊ ပျက်​စီး​ခြင်း​အ​ဖို့ ပြင်​ဆင်​သော အ​မျက်​ခံ​ရာ​အိုး​များ​တို့​ကို အ​လွန်​သည်း​ခံ​ခြင်း​ခ​န္တီ​နှင့် သည်း​ခံ​တော်​မူ​သည် မှန်​လျှင် အ​ဘယ်​ပြော​ဖွယ်​ရှိ​အံ့​နည်း။-

ငြိမ်​ဝပ်​ခြင်း​ရှိ၏၊ ဘေး​အ​န္တ​ရာယ်​နှင့် ကင်း​လွတ်၏​ဟု ဆို​စဉ်​တွင်၊ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ၌ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ရောက်​သ​ကဲ့​သို့၊ သူ​တို့​အ​ပေါ်၌ လျင်​မြန်​စွာ​သော ပျက်​စီး​ခြင်း​ရောက်၍ လွတ်​ခြင်း​အ​ခွင့် မ​ရှိ​ရ​ကြ။-

ထို​သ​ခင်​သည် မိ​မိ​သန့်​ရှင်း​သူ​တို့​အား​ဖြင့် ဂုဏ်​အ​သ​ရေ​တော် ထင်​ရှား​ခြင်း​ကို​လည်း​ကောင်း၊ ငါ​တို့​သက်​သေ​ကို သင်​တို့​သည် ယုံ​ကြည်​သည်​ဖြစ်၍၊ ယုံ​ကြည်​သော သူ​အ​ပေါင်း​တို့​အား​ဖြင့် အံ့​ဩ​ချီး​မွမ်း​ခြင်း​ကို​လည်း​ကောင်း၊ ခံ​အံ့​သော​ငှာ ကြွ​လာ​တော်​မူ​သော​နေ့​ရက်၌၊ ထို​သူ​တို့​သည် သ​ခင်​ဘု​ရား၏ မျက်​နှာ​တော်​နှင့်​လည်း​ကောင်း၊ တန်​ခိုး​ရှိ​သော ဘုန်း​တော်​နှင့်​လည်း​ကောင်း ကွာ၍ ထာ​ဝ​ရ​ပျက်​စီး​ခြင်း​တည်း​ဟူ​သော အ​ပြစ်​ဒဏ်​ကို ခံ​ရ​ကြ​လ​တ္တံ့၊

သို့​သော်​လည်း၊ ယု​ဒ​လူ​တို့​တွင် မိ​စ္ဆာ​ပ​ရော​ဖက်​ရှိ​ကြ၏။ ထို​နည်း​တူ ဖျက်​ဆီး​တတ်​သော မိ​စ္ဆာ​ဒိ​ဋ္ဌိ​အ​ယူ​များ​ကို ပ​ရိ​ယာယ်​အား​ဖြင့် သွင်း၍၊ မိ​မိ​တို့​ကို ဝယ်​တော်​မူ​သော အ​ရှင်​ကို​ငြင်း​ပယ်​လျက်၊ မိ​မိ​အ​ပေါ်​သို့ လျင်​စွာ​သော​ဖျက်​ဆီး​ခြင်း​ကို ရောက်​စေ​သော မိ​စ္ဆာ​ဆ​ရာ​တို့​သည် သင်​တို့​တွင် ရှိ​ကြ​လိမ့်​မည်။-

ထို​နည်း​တူ၊ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​မှ​စ၍ ပတ်​ဝန်း​ကျင်၌​ရှိ​သော မြို့​တို့​သည်၊ အ​ထက်​က ဆို​ခဲ့​ပြီး​သော လူ​ဆိုး​ကဲ့​သို့ မ​တ​ရား​သော မေ​ထုန်​ကို​အ​လွန်​ပြု၍ ကိုယ်​ခင်​ပွန်း​မ​ဟုတ်​သော သူ​တို့​နှင့် မှား​ယွင်း​ခြင်း​အ​မှု၌ ကျင်​လည်​သော​ကြောင့်၊ ထာ​ဝ​ရ​မီး​နှင့် ကျွမ်း​လောင်​ခြင်း​ဒဏ်​ကို ခံ​ရ၍ ပုံ​သက်​သေ​ထင်​ရှား​လျက် ရှိ​ကြ၏။

မိန်း​မ​တစ်​ယောက်​သည် ကြိတ်​ဆုံ​ကျောက်​တစ်​ဖဲ့​ကို အ​ဘိ​မ​လက်​ခေါင်း​ပေါ်​သို့ ပစ်​ချ၍ ဦး​ခေါင်း​ခွံ​ပေါက်​ကွဲ​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ