ဘုရားသခင်သည် လက်ဆန့်တော်မူသောအခါ၊ တောင်းပန်သော်လည်း အချည်းနှီးဖြစ်၏။ ဖျက်ဆီးတော်မူသောအခါ၊ အော်ဟစ်သော်လည်း ကျေးဇူးမရှိ။
ငါသည် ကိုယ်ခံရသော ညှဉ်းဆဲခြင်းကိုအကြောင်းပြု၍ မြည်တမ်းသော်လည်း၊ အဘယ်သူမျှနားမထောင်။ အော်ဟစ်သော်လည်း တရားသဖြင့် စီရင်သောသူမရှိ။
တစ်စုံတစ်ယောက်သောသူသည် ငါ့စကားကို နားထောင်ပါစေသော။ ငါ့လက်မှတ်ကို ငါပေးမည်။ အနန္တတန်ခိုးရှင်သည် ငါ့ကိုစစ်ကြောတော်မူပါစေ။ ငါ့တရားတွေ့ဘက်သည် စာရေးသားထားပါစေ။
အဲ၊ ငါတို့အလိုပြည့်စုံပြီဟု မအောက်မေ့ကြပါစေနှင့်။ ငါတို့သည် သူ့ကိုမျိုပြီဟု၊ မပြောကြပါစေနှင့်။
အိုထာဝရဘုရား၊ ကိုယ်တော်၏ ရန်သူအပေါင်းတို့သည် ထိုသို့ပျက်စီးခြင်းသို့ ရောက်ကြပါစေသော။ ထာဝရဘုရားကိုချစ်သောသူတို့သည် အရှိန်တန်ခိုးနှင့် ထွက်သွားသော နေမင်းကဲ့သို့ဖြစ်ပါစေသောဟု သီချင်းဆိုကြ၏။ ထိုနောက် အနှစ်လေးဆယ်တိုင်တိုင် တစ်ပြည်လုံးငြိမ်းလေ၏။