ညဉ့်ဦးယံကြယ်တို့သည် မိုက်ပါစေ။ ထိုညသည် အလင်းကိုတောင့်တ၍ မရပါစေနှင့်။ နံနက်မိုးလင်းကို မမြင်ပါစေနှင့်။ အကြောင်းမူကား၊
ငါ့အမိ၏ဝမ်းကို ပိတ်မထား၊ ဒုက္ခဆင်းရဲကို ငါမမြင်စေခြင်းငှာ မကွယ်မကာ။
နေ့ရက်ကိုရွေး၍ ကျိန်ဆဲတတ်သောသူ၊ မိကျောင်းကို ထစေတတ်သောသူတို့သည် ထိုညကို ကျိန်ဆဲပါစေ။
သို့သော်လည်း၊ ငါသည် ကောင်းကျိုးကို မျှော်လင့်သောအခါ ဘေးရောက်လာ၏။ အလင်းကိုတောင့်တသောအခါ မှောင်မိုက်ဖြစ်၏။
သူ့ကိုနှိုးဆော်ခြင်းငှာ အဘယ်သူမျှ မရဲရင့်။ သို့ဖြစ်၍ ငါ့ရှေ့မှာ အဘယ်သူရပ်နိုင်သနည်း။
သူချေဆတ်သောအခါ အလင်းတောက်တတ်၏။ သူ့မျက်စိသည် နံနက်မျက်တောင်ခတ်သကဲ့သို့ ဖြစ်၏။
မိုးမချုပ်မီ၊ မိုက်သောတောင်ပေါ်မှာ သင်တို့သည် ထိခိုက်၍မလဲမီ၊ အလင်းကိုမျှော်လင့်သောအခါ၊ သေမင်းအရိပ်၊ ထူထပ်သော မှောင်မိုက်ကို ဖြစ်စေတော်မမူမီ၊ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။
ငါတို့သည် ချမ်းသာကိုမျှော်လင့်သော်လည်း၊ ကောင်းသောအရာ မပေါ်လာ။ သက်သာချိန်ကို မျှော်လင့်သော်လည်း၊ ဘေးသက်သက်ဖြစ်၏။