ငါ့အမိ၏ဝမ်းကို ပိတ်မထား၊ ဒုက္ခဆင်းရဲကို ငါမမြင်စေခြင်းငှာ မကွယ်မကာ။
အထက်က အာဗြဟံ၏မယားစာရာကြောင့်၊ ထာဝရဘုရားသည်၊ အဘိမလက်၏အိမ်သူ၊ မိန်းမတစ်ယောက်မျှ ပဋိသန္ဓေမယူစေခြင်းငှာ၊ စီရင်တော်မူသတည်း။
လေအာသည်အမုန်းခံရသည်ကို ထာဝရဘုရားသိမြင်၍၊ သားဖွားရသောအခွင့်ကို ပေးတော်မူ၏။ ရာခေလမူကားမြုံ၏။
ငါ့ဝိညာဉ်သည် အသက်ကိုငြီးငွေ့၏။ မြည်တမ်းသောအပြစ်ကို ခံရမည်။ စိတ်အလွန်ညှိုးငယ်၍ ပြောရမည်။
ငါသည်မွေးစက အဘယ်ကြောင့် မသေသနည်း။ အမိဝမ်းထဲမှထွက်စက အဘယ်ကြောင့် အသက်မချုပ်သနည်း။
ညဉ့်ဦးယံကြယ်တို့သည် မိုက်ပါစေ။ ထိုညသည် အလင်းကိုတောင့်တ၍ မရပါစေနှင့်။ နံနက်မိုးလင်းကို မမြင်ပါစေနှင့်။ အကြောင်းမူကား၊
သို့ဖြစ်၍၊ စိတ်ညှိုးငယ်ခြင်းအကြောင်းနှင့်၊ ကိုယ်ဆင်းရဲခြင်းအကြောင်းကို ပယ်ရှားလော့။ အသက်ငယ်ခြင်းအရာနှင့် အရွယ်ပျိုခြင်းအရာသည် အနတ္တဖြစ်၏။
အကြောင်းမူကား၊ သူသည် ငါ့ကိုဖွားစကပင်မသတ်ဘဲ၊ ငါ့အမိ၏ဝမ်းသည် ငါ၏သင်္ချိုင်းဖြစ်၍၊ ငါ့ကိုအစဉ် ကိုယ်ဝန်ဆောင်မည် အကြောင်းမပြုဘဲ နေပါသည်တကား။
ဟန္နကိုချစ်သောကြောင့် နှစ်ဆသောအဖို့ကို ပေး၏။ သို့ရာတွင် ထာဝရဘုရားသည် ဟန္နအား သားဖွားသောအခွင့်ကို ပေးတော်မမူ။