ယောဘဝတ္တု။ 27:7Judson Bibleငါ့ရန်သူသည် ဆိုးသောသူကဲ့သို့လည်းကောင်း၊ ငါ့တစ်ဖက်၌ ထသောသူသည် မဖြောင့်မတ်သောသူကဲ့သို့လည်းကောင်း ဖြစ်ပါစေသော။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ဗေလတရှာဇာ အမည်ရှိသော ဒံယေလသည် တစ်နာရီလောက် မိန်းမောတွေဝေ၍ စိတ်ပူပန်လျက်နေ၏။ ရှင်ဘုရင်က၊ အချင်းဗေလတရှာဇာ၊ အိပ်မက် အနက်အဓိပ္ပာယ်ကြောင့် ပူပန်သောစိတ်မရှိပါနှင့်ဟု မိန့်တော်မူ၏။ ဗေလတရှာဇာကလည်း၊ အရှင်စော၊ ကိုယ်တော်ကို မုန်းသော ရန်သူတို့အပေါ်၌ အိပ်မက်အနက်ရောက်ပါစေသော။
ယခုမှာ ကျွန်မသခင်၊ ကိုယ်တော်သည် လူအသက်ကိုသတ်ခြင်းငှာ မသွားမည်အကြောင်း ကိုယ်လက်နှင့် ကိုယ်အမှုကိုစောင့်၍ အပြစ်ဒဏ်မပေးမည်အကြောင်း၊ ထာဝရဘုရားဆီးတားတော်မူသည်ဖြစ်၍၊ ထာဝရဘုရား အသက်တော် ကိုယ်တော်အသက်လည်း ရှင်တော်မူသည်အတိုင်း၊ အကျိုးတော်ကို ဖျက်ဆီးလိုသော ကိုယ်တော်၏ရန်သူတို့သည် နာဗလကဲ့သို့ ဖြစ်ကြပါစေသော။