Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 27:6

Judson Bible

ငါ​သည် တ​ရား​သော​အ​ကျင့်​ကို လက်​မ​လွှတ်၊ စွဲ​ကိုင်​လျက်​နေ​မည်။ အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​စိတ်​နှ​လုံး​သည် ကိုယ်​ကို​အ​ပြစ်​မ​တင်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​ငါ့​အ​မှု​ကို ငါ​ပြင်​ဆင်​ပြီ။ ငါ၌​အ​ပြစ်​လွတ်​ခြင်း ထင်​ရှား​မည်​ဟု ငါ​သိ၏။

ဖြောင့်​မတ်​သော​သူ​တို့​သည်​လည်း တည်​ကြည်​ခြင်း၊ လက်​စင်​ကြယ်​သော​သူ​တို့​သည် ခွန်​အား​တိုး​ပွား​ခြင်း ရှိ​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ့​ကျွန်​ယော​ဘ​ကို ဆင်​ခြင်​မိ​ပြီ​လော။ မြေ​ကြီး​ပေါ်​မှာ​သူ​နှင့်​တူ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ စုံ​လင်​ဖြောင့်​မတ်​ပေ၏။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ၊ မ​ကောင်း​သော​အ​ကျင့်​ကို ရှောင်​သော​သူ​ဖြစ်၏။ အ​ကြောင်း​မ​ရှိ​ဘဲ သူ့​ကို​ပျက်​စီး​စေ​ခြင်း​ငှာ သင်​သည် ငါ့​ကို​တိုက်​တွန်း​သော်​လည်း၊ သူ​သည် ဖြောင့်​မတ်​သော​သ​ဘော​ကို စွဲ​လမ်း​လျက်​နေ​သည်​ဟု စာ​တန်​အား မိန့်​တော်​မူ၏။

ငါ့​ရန်​သူ​သည် ဆိုး​သော​သူ​ကဲ့​သို့​လည်း​ကောင်း၊ ငါ့​တစ်​ဖက်၌ ထ​သော​သူ​သည် မ​ဖြောင့်​မတ်​သော​သူ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ပါ​စေ​သော။

ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​ကို အ​ဝတ်​လုပ်၍ ငါ​ဝတ်​ဆင်၏။ တ​ရား​သည် ငါ့​ဝတ်​လုံ၊ ငါ့​ပေါင်း​ဖြစ်၏။

မှန်​သော​ချိန်​ခွင်၌ ငါ့​ကို​ချိန်​ပါ​စေ။ ဘု​ရား​သ​ခင်​သည် ငါ​ဖြောင့်​မတ်​ခြင်း​ကို သိ​တော်​မူ​ပါ​စေ။

ငါ​သည် လမ်း​လွှဲ​မိ​သော်​လည်း​ကောင်း၊ ငါ့​စိတ်​နှ​လုံး​သည် ငါ့​မျက်​စိ​အ​လို​သို့ လိုက်​မိ​သော်​လည်း​ကောင်း၊ ငါ့​လက်၌ အ​ညစ်​အ​ကြေး​ကပ်​မိ​သော်​လည်း​ကောင်း၊

ထို​သို့​ယော​ဘ​သည် မိ​မိ​ဖြောင့်​မတ်​သည်​ဟု ထင်​သော​ကြောင့်၊ ထို​သူ​သုံး​ယောက်​တို့​သည် ပြန်၍ မ​ပြော​ဘဲ​နေ​ကြ၏။

ထို​အ​ခါ ဗု​ဇ​အ​မျိုး အာ​ရ​အ​နွယ်​ဖြစ်​သော ဗာ​ရ​ခေ​လ​သား​ဧ​လိ​ဟု​သည် အ​မျက်​ထွက်၏။ ယော​ဘ​သည် ဘု​ရား​သ​ခင်​ထက် မိ​မိ​ဖြောင့်​မတ်​ကြောင်း​ကို ပြ​သော​ကြောင့်၊ ယော​ဘ​ကို အ​မျက်​ထွက်၏။

သင်​သည် ငါ​တ​ရား​စီ​ရင်​ချက်​ကို ပယ်​မည်​လော။ သင်​သည် ကိုယ်​တိုင်​ဖြောင့်​မတ်​ဟန် ရှိ​စေ​ခြင်း​ငှာ၊ ငါ့​ကို​အ​ပြစ်​ရှိ​သည်​ဟု စီ​ရင်​မည်​လော။

ပြန်၍ ဆင်​ခြင်​ကြ​ပါ။ မ​တ​ရား​သ​ဖြင့် မ​ပြု​ကြ​ပါ​နှင့်။ ပြန်၍ ဆင်​ခြင်​ကြ​ပါ။ ဤ​အ​မှု၌ ငါ​သည် ဖြောင့်​မတ်​ပါ၏။

ဥ​ပ​ဒေ​သ​ကို ကိုင်​ဆွဲ​လော့။ မ​လွှတ်​နှင့်။ စောင့်​ထား​လော့။ အ​သက်​ရှင်​ခြင်း၏​အ​ကြောင်း ဖြစ်၏။

ထို​ကြောင့်၊ ဘု​ရား​သ​ခင်​ကို​ပြစ်​မှား​ပြီ၊ လူ​တို့​ကို ပြစ်​မှား​ပြီ​ဟု ကိုယ်​စိတ်​နှ​လုံး​သည် ကိုယ်၌ အ​ပြစ်​တင်​ခွင့်​နှင့် အ​စဉ်​ကင်း​လွတ်​မည်​အ​ကြောင်း အ​ကျွန်ုပ်​သည် ကြိုး​စား​အား​ထုတ်​ပါ၏။

ငါ​သည် ဝါ​ကြွား​တတ်​သော သူ​ရူး​ဖြစ်​သ​လော။ ထို​သို့​ဖြစ်​လျှင်၊ သင်​တို့​သည် ငါ့​ကို အ​နိုင်​အ​ထက်​ဖြစ်​စေ​ကြ​ပြီ။ အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ သင်​တို့​ချီး​မွမ်း​ခြင်း​ကို ငါ​ခံ​သင့်၏။ ငါ​သည် ဘာ​မျှ​မ​ဟုတ်​သော်​လည်း၊ အ​ကြီး​ဆုံး​သော တ​မန်​တော်​အောက် အ​လျှင်း​မ​ယုတ်​မ​ညံ့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ