လယ်ပြင်၌ကား၊ ညှဉ်းဆဲသောသူ၏စပါးကို ရိတ်၍၊ သူ၏စပျစ်သီးကို သိမ်းရကြ၏။
ရေပေါ်မှာ ပေါ့ပါးကြ၏။ မြေပေါ်မှာ ကျိန်ဆဲသောအဖို့ကို ခံရ၍၊ စပျစ်ဥယျာဉ်အနီးသို့ မချဉ်းရကြ။
သူတို့သည် အလုပ်လုပ်ခြင်းငှာ တော၌ရိုင်းသောမြည်းကဲ့သို့ ထွက်ရကြ၏။ စားစရာကိုရှာခြင်းငှာ နံနက်စောစောသွား၍၊ ကိုယ်အဖို့နှင့် သားသမီးတို့အဖို့ကို တော၌တွေ့ရကြ၏။
ချမ်းသောကာလ၌ ကိုယ်ကိုဖုံးလွှမ်းစရာ အဝတ်မရှိ။ အချည်းစည်း အိပ်ရကြ၏။
စရိတ်မကုန်ဘဲ မြေအသီးအနှံကိုငါစား၍ မြေဆိုင်သောသူတို့ကို ညှဉ်းဆဲမိသော်လည်းကောင်း၊
မျိုးစေ့ကိုကြဲသော်လည်း၊ စပါးကို မရိတ်ရ။ သံလွင်သီးကို နယ်သော်လည်း၊ ဆီနှင့် ကိုယ်ကိုမလိမ်းရ။ စပျစ်သီးကို နယ်သော်လည်း၊ စပျစ်ရည်ကို မသောက်ရ။
သင်မသိမကျွမ်းသောလူမျိုးသည် သင့်နေရာပြည်၏ အသီးအနှံကိုလည်းကောင်း၊ သင်လုပ်ဆောင်၍ရသော ဥစ္စာကိုလည်းကောင်း စားလိမ့်မည်။ သင်သည် ညှဉ်းဆဲနှိပ်စက်ခြင်းကိုသာ အစဉ်မပြတ်ခံရလိမ့်မည်။
သင်သည် မပျက်စီးမီတိုင်အောင်၊ ထိုရန်သူသည် သင်၏သိုးသငယ်၊ နွားသငယ်၊ မြေအသီးအနှံကို စားရလိမ့်မည်။ သင့်ကို မဖျက်ဆီးမီတိုင်အောင်၊ ဆန်စပါး၊ စပျစ်ရည်၊ ဆီ၊ သိုးနွားအစီးအပွားကို သင့်အဖို့ မချန်မထားရ။