သူတို့သည် အလုပ်လုပ်ခြင်းငှာ တော၌ရိုင်းသောမြည်းကဲ့သို့ ထွက်ရကြ၏။ စားစရာကိုရှာခြင်းငှာ နံနက်စောစောသွား၍၊ ကိုယ်အဖို့နှင့် သားသမီးတို့အဖို့ကို တော၌တွေ့ရကြ၏။
သူသည်လူရိုင်းဖြစ်လိမ့်မည်။ လူအပေါင်းတို့ကို ရန်ဘက်ပြုလိမ့်မည်။ သူ့ကိုလည်းလူအပေါင်းတို့သည် ရန်ဘက်ပြုကြလိမ့်မည်။ မိမိညီအစ်ကိုအပေါင်းတို့၏အပါး၌ နေရလိမ့်မည်ဟူ၍လည်းကောင်း မြွက်ဆိုလေ၏။
ဓားဖြင့်အသက်ကိုမွေးရလိမ့်မည်။ ညီ၌ကျွန်ခံရလိမ့်မည်။ နောက်တစ်ဖန် အစိုးရသောအခါ၊ သူတင်သောထမ်းပိုးကို သင်၏လည်ပင်းမှချိုးပယ်လိမ့်မည်ဟု ပြန်၍ဆိုလေ၏။
ဓားပြလုပ်သောသူတို့၏ နေရာသည် ကောင်းစားတတ်၏။ ဘုရားသခင်၏ အာဏာတော်ကို ဆန်သောသူတို့သည် လုံခြုံစွာနေ၍၊ ဘုရားသခင်ပေးတော်မူသော စည်းစိမ်ကို ခံစားတတ်ကြ၏။
လူသတ်သည်စောစောထ၍ ဆင်းရဲငတ်မွတ်သော သူတို့ကို သတ်တတ်၏။ ညအခါ သူခိုးလုပ်တတ်၏။
လယ်ပြင်၌ကား၊ ညှဉ်းဆဲသောသူ၏စပါးကို ရိတ်၍၊ သူ၏စပျစ်သီးကို သိမ်းရကြ၏။
သူရိတ်သောစပါးကို မွတ်သိပ်သောသူသည်၊ ဆူးပင်ကာသောခြံအထဲက ယူသွား၍ စားတတ်၏။ သူ၏ပစ္စည်းဥစ္စာကိုလည်း ရေငတ်သောသူသည် မျိုတတ်၏။
လူသည်လည်း လုပ်ဆောင်ပြုမူခြင်းငှာ ညဉ့်ဦးတိုင်အောင် ထွက်သွားပါ၏။
သူတို့သည် သူတစ်ပါး၌ အပြစ်မပြုရလျှင် မအိပ်တတ်။ တစ်စုံတစ်ယောက်သောသူကို မလဲစေလျှင် အိပ်၍မပျော်တတ်။
တော၌ လှည့်လည်၍ ကိလေသာရာဂစိတ်နှင့် လေကိုရှူတတ်သော မြည်းရိုင်းမပါတကား။ အချိန်ရောက်သောအခါ အဘယ်သူ ဆီးတားနိုင်သနည်း။ သူ့ကိုရှာအံ့သောငှာ အဘယ်သူမျှ ပင်ပန်းခြင်းကို မခံရ။ အချိန်စေ့သောအခါ သူ့ကိုတွေ့လိမ့်မည်။
အကယ်စင်စစ် သူတို့သည် ချောင်း၍ကြည့်လျက် နေကြစဉ် မိမိတို့နှလုံးကို မီးဖိုကဲ့သို့ ပြင်ဆင်ကြပြီ။ သူတို့မုန့်သည် တစ်ညလုံးအိပ်သော်လည်း နံနက်အချိန်၌ တောက်သောမီးကဲ့သို့ လောင်လျက်ရှိ၏။
အာရှုရိပြည်သို့ အလိုလိုသွားလေပြီတကား။ ဧဖရိမ်သည် ကိုယ်အဖို့ တစ်ကောင်တည်းနေသော မြည်းရိုင်းကဲ့သို့ဖြစ်၍၊ ရည်းစားတို့အား ငှားလေပြီ။
ဒုစရိုက်ကို ပြုခြင်းငှာ အိပ်ရာပေါ်မှာ မကောင်းသော အကြံကိုကြံ၍၊ မိုးလင်းသောအခါ အခွင့်ရသည်အတိုင်း ပြုတတ်သော သူတို့သည် အမင်္ဂလာရှိကြ၏။
မြို့အလယ်၌ မင်းများတို့သည် ဟောက်သောခြင်္သေ့ဖြစ်ကြ၏။ တရားသူကြီးတို့သည် နံနက်တိုင်အောင် အဘယ်အရာကိုမျှ မချန်မထား၊ ည၌ လှည့်လည်တတ်သော တောခွေးဖြစ်ကြ၏။
နံနက်အချိန်ရောက်လျှင်၊ ယေရှုကို ကယာဖထံမှ အိမ်တော်ဦးသို့ ဆောင်သွားကြ၏။ ထိုသူတို့သည် အာပတ်နှင့်ကင်းလွတ်၍ ပသခါပွဲကို ခံရမည်အကြောင်း အိမ်တော်ဦးထဲသို့ ကိုယ်တိုင်မဝင်ကြ။-
မိုးလင်းသောအခါ ယုဒလူတို့သည် သင်းဖွဲ့၍၊ ငါတို့သည် ပေါလုကို မသတ်မီတိုင်အောင် အလျှင်းမစားမသောက်ရဟု ကိုယ်ကိုကျိန်ဆို၍ ဓိဋ္ဌာန်ပြုကြ၏။-