အကြောင်းမူကား၊ မှောင်မိုက်မရောက်မီ ငါ့ကိုပယ်ရှင်းတော်မမူ၊ ထူထပ်သောမှောင်မိုက်မှ ငါ့ကိုကွယ်ကာတော်မမူပါတကား။
ငါသည်သင့်ကို ဘိုးဘေးစုဝေးရာသို့ပို့ဆောင်၍၊ သင်သည် ငြိမ်ဝပ်စွာသင်္ချိုင်းသို့ရောက်ရလိမ့်မည်။ ဤအရပ်၌ ငါရောက်စေအံ့သောဘေးကို သင့်ကိုယ်တိုင်မတွေ့မမြင်ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည်အတိုင်း သူတို့သည် ရှင်ဘုရင်အား ပြန်လျှောက်ကြ၏။
အကျွန်ုပ်ကို အမိဝမ်းထဲက အဘယ်ကြောင့် ဆောင်ခဲ့တော်မူသနည်း။ ထိုသို့ပြုတော်မမူလျှင် အကျွန်ုပ်သည် အသက်မရှိ၊ အဘယ်သူမျှ အကျွန်ုပ်ကိုမမြင်ရပါ။
ထိုသို့ အကျွန်ုပ်သည် မဖြစ်သကဲ့သို့ဖြစ်၍၊ အကျွန်ုပ်ကိုအမိဝမ်းထဲမှ သင်္ချိုင်းသို့ ဆောင်ပို့ရကြ၏။
မှောင်မိုက်ထဲမှာ ဘေးလွတ်မည်ဟု မျှော်လင့်စရာမရှိ။ ဓားသည် သူ့ကို ချောင်းမြောင်းလျက်ရှိ၏။
သူ့ကိုအလင်းထဲက မှောင်မိုက်ထဲသို့ မောင်း၍ လူ့ပြည်မှနှင်ထုတ်ရ၏။
သူ၏နေရာအလင်းလည်း မှောင်မိုက်ဖြစ်လိမ့်မည်။ သူ၏ဆီမီးလည်း သေလိမ့်မည်။
ငါမသွားနိုင်အောင် ငါ့ရှေ့မှာအဆီးအကာပြု၍၊ ငါသွားရာလမ်း၌ မှောင်မိုက်ကိုထားတော်မူပြီ။
မမြင်နိုင်သောမှောင်မိုက်သည် ညှဉ်းဆဲ၍၊ ပြင်းစွာစီးသောရေသည် လွှမ်းမိုးရ၏။
တောင့်တသောအရာ ဟူမူကား၊ ဘုရားသခင်သည် ငါ့ကို ဖျက်ဆီးတော်မူပါစေ။ လက်တော်ကိုဆန့်၍ ငါ့ကို ဆုံးစေတော်မူပါစေ။
ဖြောင့်မတ်သောသူသည်ဆုံး၍ ကျေးဇူးပြုတတ်သောသူတို့သည် ပယ်ရှားခြင်းကို ခံရသောအခါ၊ ဖြောင့်မတ်သောသူကို မကောင်းသောအမှုအရာထဲက ရုပ်သိမ်းပြီဟု အဘယ်သူမျှ မဆင်ခြင်၊ အဘယ်သူမျှ မအောက်မေ့ကြ။