ဘုရားသခင်သည် ငါ့စိတ်ပျက်စေခြင်းငှာလည်းကောင်း၊ အနန္တတန်ခိုးရှင်သည် ငါကြောက်ရွံ့စေခြင်းငှာလည်းကောင်း ပြုတော်မူ၏။
ငါသည်ငြိမ်ဝပ်လျက်နေသောအခါ ငါ့အရိုးတို့ကို ချိုးတော်မူ၏။ လည်ပင်းကိုကိုင်၍ အပိုင်းပိုင်းပြတ်စေခြင်းငှာ လှုပ်တော်မူ၏။ ငါ့ကို ပစ်စရာစက်သွင်းတော်မူ၏။
ထိုကြောင့်ရှေ့တော်၌ ငါထိတ်လန့်လျက်နေ၍ ဆင်ခြင်သောအခါ၊ ကိုယ်တော်ကိုကြောက်ရွံ့ရ၏။
ငါ့ကို အမှုရှုံးစေတော်မူသောဘုရားသခင်၊ ငါ့ဝိညာဉ်ကို ညှဉ်းဆဲတော်မူသောအနန္တတန်ခိုးရှင်သည် အသက်ရှင်တော်မူသည်မှန်လျှင်၊
အကျွန်ုပ်သည် ရေကဲ့သို့သွန်ခြင်းကိုခံရ၍၊ အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကြပါ၏။ အကျွန်ုပ်နှလုံးသည် ဖယောင်းကဲ့သို့ဖြစ်၍၊ ရင်ထဲမှာ အရည်ကျိုလျက်ရှိပါ၏။
အမျက်တော်သည် အကျွန်ုပ်ကို လွှမ်းမိုးပါ၏။ စီရင်တော်မူသော ဘေးတို့သည် အကျွန်ုပ်၏အသက်ကို ညှဉ်းဆဲသည်တိုင်အောင်၊
ငါသည် အစဉ်မပြတ် တရားတွေ့မည်မဟုတ်။ အစဉ်မပြတ် အမျက်ထွက်မည်မဟုတ်။ ထိုသို့ဟုတ်လျှင်၊ အသက်သည် ငါ့ရှေ့မှာပျောက်၍၊ ငါဖန်ဆင်းသောဝိညာဉ်သည် ပျက်စီးခြင်းသို့ရောက်လိမ့်မည်။
ငါကလည်း၊ ငါ၌အမင်္ဂလာရှိ၏။ ငါအကျိုးနည်းပြီ။ အကြောင်းမူကား၊ ငါသည် ညစ်ညူးသောနှုတ်ခမ်းရှိလျက်၊ ညစ်ညူးသောနှုတ်ခမ်းရှိသော လူမျိုးတွင်နေလျက်နှင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို၊ ကိုယ်မျက်စိနှင့် မြင်လေပြီတကားဟု ဆို၏။
ထိုပြည်၌ကြားရသော သတင်းကြောင့် စိတ်မပျက်၊ ကြောက်လန့်ခြင်း မရှိကြနှင့်။ တစ်နှစ်ထက်တစ်နှစ် သတင်းကြားရလိမ့်မည်။ မင်းချင်းတစ်ယောက်ကိုတစ်ယောက်လုယူ၍ ညှဉ်းဆဲခြင်းအမှု ရှိရလိမ့်မည်။
ထိုနေ့ရက်ကြောင့် အမင်္ဂလာရှိ၏။ ထာဝရဘုရား၏နေ့ရက်နီးပြီ။ အနန္တတန်ခိုးရှင် ဖျက်ဆီးခြင်း ဘေးကဲ့သို့ ရောက်လာလိမ့်မည်။
အိုဣသရေလအမျိုးသားတို့၊ ယနေ့ သင်တို့သည် စစ်တိုက်ခြင်းငှာ ရန်သူတို့ကိုချဉ်းကြပြီ။ သူတို့ကြောင့် စိတ်ပျက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ထိတ်လန့်ခြင်း မရှိကြနှင့်။
သူကလည်း နောမိဟူ၍ မခေါ်ပါနှင့်။ မာရဟူ၍ ခေါ်ပါ။ အနန္တတန်ခိုးရှင်သည် ငါ့အား အလွန်ခါးသောအရာကို ပေးတော်မူပြီ။