Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 22:12

Judson Bible

ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​ဘ​ဝဂ်​ပေါ်​မှာ ရှိ​တော်​မူ​သည်​မ​ဟုတ်​လော။ ကြယ်​တို့​သည် အ​ဘယ်​မျှ​လောက် မြင့်​ကြ​သည်​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ဘု​ရား​သ​ခင်၏​ဇာ​တိ​တော်​ကို စစ်၍​တွေ့​နိုင်​သ​လော။ အ​န​န္တ​တန်​ခိုး​ရှင်၏ ဇာ​တိ​ကို​စစ်၍ အ​ကုန်​အ​စင် နား​လည်​နိုင်​သ​လော။

မိုး​ကောင်း​ကင်​ကို မီ​သည်​ဖြစ်၍ သင်​သည် အ​ဘယ်​သို့​ပြု​နိုင်​သ​နည်း။ မ​ရ​ဏ​နိုင်​ငံ​ထက် နက်​သည်​ဖြစ်၍ သင်​သည်​အ​ဘယ်​သို့ သိ​နိုင်​သ​နည်း။

မိုး​ကောင်း​ကင်​ကို​မျှော်၍၊ သင့်​ထက်​မြင့်​သော မိုး​တိမ်​တို့​ကို ကြည့်​ရှု​လော့။

ကောင်း​ကင်​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​ဖြစ်၏။ မြေ​ကြီး​ကို​ကား လူ​သား​တို့​အား ပေး​တော်​မူ​ပြီ။

ငါ​တို့၏​ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ၏။ အ​လို​တော်​ရှိ​သ​မျှ​အ​တိုင်း ပြု​တော်​မူ၏။

ဘု​ရား​သ​ခင့်​အိမ်​တော်​သို့​သွား​သော​အ​ခါ၊ သင့်​ခြေ​တို့​ကို စောင့်​လော့။ လူ​မိုက်​ပြု​သော ယဇ်​ပူ​ဇော်​ခြင်း​အ​မှု​ထက်၊ တ​ရား​နာ​ခြင်း​အ​မှု​ကို သာ၍​ကြိုး​စား​လော့။ လူ​မိုက်​တို့​သည် ကိုယ်​အ​ပြစ်​ကို မ​ဆင်​ခြင်​တတ်​ကြ။

သင်၏​နှုတ်​သည် သ​တိ​မ​လစ်​စေ​နှင့်။ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ စ​ကား​ပြော​ခြင်း​ငှာ၊ သင်၏​စိတ်​နှ​လုံး မ​လျင်​မ​မြန်​စေ​နှင့်။ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ၏။ သင်​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ၏။ ထို​ကြောင့် သင်၏​စ​ကား မ​များ​စေ​နှင့်။

အ​ကြောင်း​မူ​ကား၊ သန့်​ရှင်း​ခြင်း​ဟု နာ​မ​ရှိ​တော်​မူ​ထ​သော၊ အ​န​န္တ​ကာ​လ​တည်း​ဟူ​သော ဘုံ​ဗိ​မာန်၌ စံ​တော်​မူ​ထ​သော၊ အထွတ်​အ​မြတ် ဖြစ်​တော်​မူ​သော​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် မြင့်​မြတ်​သန့်​ရှင်း​သော အ​ရပ်၌​နေ၏။ စိတ်​နှိမ့်​ချ​သော​သူ​နှင့်၊ နှ​လုံး​ကြေ​ကွဲ​သော သူ​တို့၏​စိတ်​ဝိ​ညာဉ်​အ​သက်​ရှင်​စေ​ခြင်း​ငှာ၊ ကြေ​ကွဲ​နှိမ့်​ချ​သော စိတ်​သ​ဘော​ရှိ​သော​သူ​တို့၌​လည်း ငါ​နေ၏။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကောင်း​ကင်​ဘုံ​သည် ငါ့​ပ​လ္လင်​ဖြစ်၏။ မြေ​ကြီး​သည် ငါ့​ခြေ​တင်​ရာ​ခုံ ဖြစ်၏။ အ​ဘယ်​သို့​သော ဗိ​မာန်​ကို ငါ့​အ​ဖို့​တည်​ဆောက်​ကြ​မည်​နည်း။ အ​ဘယ်​အ​ရပ်​သည် ငါ​ကျိန်း​ဝပ်​ရာ​အ​ရပ် ဖြစ်​မည်​နည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ