Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 21:7

Judson Bible

လူ​ဆိုး​တို့​သည် အ​သက်​ရှင်​ရုံ​မျှ​မ​က၊ အ​ဘယ်​ကြောင့် အ​သက်​ကြီး၍ ဘုန်း​စည်း​စိမ်​နှင့် ပြည့်​စုံ​ကြ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ယဇ်​ပု​ရော​ဟိတ်​တို့​ကို ဖမ်း​ဆီး​သိမ်း​သွား၍၊ သူ​ရဲ​တို့​ကို​လည်း ရှုံး​စေ​တော်​မူ၏။

ဓား​ပြ​လုပ်​သော​သူ​တို့၏ နေ​ရာ​သည် ကောင်း​စား​တတ်၏။ ဘု​ရား​သ​ခင်၏ အာ​ဏာ​တော်​ကို ဆန်​သော​သူ​တို့​သည် လုံ​ခြုံ​စွာ​နေ၍၊ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော စည်း​စိမ်​ကို ခံ​စား​တတ်​ကြ၏။

မြေ​ကြီး​ကို လူ​ဆိုး​လက်၌​အပ်၍၊ တ​ရား​သူ​ကြီး​တို့၏ မျက်​နှာ​ကို ဖျက်​တော်​မူ၏။ သို့​မ​ဟုတ် ထို​အ​မှု​ကို စီ​ရင်​သော​သူ​ကား အ​ဘယ်​သူ​နည်း။

သူ​တို့​သည် မိ​မိ​တို့​ဆူ​ဝ​ခြင်း​ကို ကိုး​စား၍ ထောင်​လွှား​စော်​ကား​စွာ ပြော​ဆို​ကြ​ပါ၏။

မ​တ​ရား​သော​သူ​သည် အ​စိုး​တ​ရ​ပြု၍၊ ပေါက်​ရင်း​အ​ရပ်​မှာ ကြီး​ပွား​သော သစ်​ပင်​လန်း​လန်း​ရှိ​သ​ကဲ့​သို့၊ ကိုယ်​ကို​ကိုယ်​ပြန့်​ပွား​စေ​သည်​ကို ငါ​မြင်​ရ​သော်​လည်း၊

ငါ​သည် အ​ချည်း​နှီး​နေ​သော​ကာ​လ၌ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို တွေ့​မြင်​ပြီ။ ဖြောင့်​မတ်​သော​သူ​သည် မိ​မိ​ဖြောင့်​မတ်​ခြင်း၌ ဆုံး​ရှုံး​ကြောင်း​ကို​လည်း​ကောင်း၊ အ​ဓ​မ္မ​လူ​သည် မိ​မိ​အ​ဓ​မ္မ​အ​မှု၌ အ​သက်​ရှည်​ကြောင်း​ကို​လည်း​ကောင်း ငါ​မြင်၏။

မြေ​ကြီး​ပေါ်​မှာ ဖြစ်​တတ်​သော အ​န​တ္တ​အ​မှု​တစ်​ပါး​ဟူ​မူ​ကား၊ အ​ဓ​မ္မ​လူ​ပြု​သော​အ​မှု​ကြောင့် ခံ​ထိုက်​သည်​အ​တိုင်း၊ ဖြောင့်​မတ်​သော​သူ​အ​ချို့​တို့​သည် အ​ပြစ်​ကို​ခံ​ရ​ကြ၏။ ထို​နည်း​တူ၊ ဖြောင့်​မတ်​သော​သူ​ပြု​သော​အ​မှု​ကြောင့် ခံ​ထိုက်​သည်​အ​တိုင်း၊ အ​ဓ​မ္မ​လူ​အ​ချို့​တို့​သည် အ​ကျိုး​ကို ခံ​ရ​ကြ၏။ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်​သည်​ဟု ငါ့​သ​ဘော​ရှိ၏။

အ​ကြောင်း​မူ​ကား၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် လော​ကီ​နိုင်​ငံ​ကို အုပ်​စိုး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ပေး​လို​သော သူ​တို့​အား ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ယုတ်​မာ​သော သူ​တို့​ကို ချီး​မြှောက်၍ နိုင်​ငံ​ကို​အပ်​ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း သ​တ္တ​ဝါ​တို့ သိ​နား​လည်​ရ​သော အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ သစ်​ပင်​စောင့်​တို့​သည် ဤ​သို့​စီ​ရင်​ကြ​ပြီ။ သန့်​ရှင်း​သူ​တို့​သည် အ​မိန့်​တော်​ကို ပေး​ကြ​ပြီ​ဟု ဟစ်​ကြော်​လေ၏။

ကိုယ်​တော်​သည် ဒု​စ​ရိုက်​ကို ကြည့်​ရှု​တော်​မ​မူ။ သန့်​ရှင်း​သော မျက်​စိ​ရှိ​တော်​မူ၏။ အ​ဓ​မ္မ​အ​မှု​ကို ကြည့်​ရှု၍ နေ​တော်​မ​မူ​တတ်​ပါ။ သို့​ဖြစ်၍၊ သ​စ္စာ​ပျက်​သော​သူ​တို့​ကို အ​ဘယ်​ကြောင့် ကြည့်​ရှု၍ နေ​တော်​မူ​သ​နည်း။ အ​ဓ​မ္မ​လူ​သည် မိ​မိ​ထက်​ဖြောင့်​မတ်​သော​သူ​ကို ကိုက်​စား​သော​အ​ခါ၊ အ​ဘယ်​ကြောင့် တိတ်​ဆိတ်​စွာ နေ​တော်​မူ​သ​နည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ