Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 21:6

Judson Bible

ငါ​သည် အောက်​မေ့​သော​အ​ခါ မိန်း​မော​တွေ​ဝေ၍၊ ကိုယ်​အ​သား​သည် တုန်​လှုပ်​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ငါ​ခံ​ရ​သော ဒု​က္ခ​ဝေ​ဒ​နာ​များ​သော​ကြောင့်၊ ကြောက်​သော​သ​ဘော​ရှိ၏။ အ​ပြစ်​လွှတ်​စေ​ဟု ငါ၌​စီ​ရင်​တော်​မ​မူ​ကြောင်း​ကို ငါ​သိ၏။

ကိုယ်​တော်​ကို ထိတ်​လန့်​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် ကြက်​သီး​မွေး​ညင်း​ထ၍၊ စီ​ရင်​တော်​မူ​ချက်​တို့​မှ ကြောက်​ပါ၏။

ကြောက်​ရွံ့​တုန်​လှုပ်​ခြင်း​သို့​ရောက်၍ အ​လွန်​ထိတ်​လန့်​ခြင်း၌ မွန်း​လျက်​ရှိ​ရ​ပါ၏။

ဘု​ရား​သ​ခင်​ကို အောက်​မေ့၍ စိတ်​ပူ​ပန်​ခြင်း​ရှိ၏။ ဆင်​ခြင်၍ စိတ်​ပျက်​ခြင်း​သို့ ရောက်​တတ်၏။

အ​ကျွန်ုပ်​သည် ဒု​က္ခ​ဝေ​ဒ​နာ​ကို​ခံ​ရ၍ သေ​ဆဲ​ရှိ​ပါ၏။ စီ​ရင်​တော်​မူ​သော​ဘေး​များ​ကို ငယ်​သော​အ​ရွယ်​က​ပင် ခံ​ရ၍ ပင်​ပန်း​ပါ၏။

သူ​တို့​သည်​လည်း လျှော်​တေ​အ​ဝတ်​ကို ဝတ်​စည်း​လျက်၊ ပြင်း​စွာ​သော ထိတ်​လန့်​ခြင်း​နှင့် ကိုယ်​ကို​ခြုံ​လျက်၊ တစ်​ယောက်​မျှ မ​ကြွင်း၊ မျက်​နှာ​ရှက်​ကြောက်​လျက်၊ ဆံ​ပင်​ဖြတ်​လျက် ရှိ​ကြ​လိမ့်​မည်။

ဗျာ​ဒိတ်​တော်​သံ​ကို ငါ​ကြား​သော​အ​ခါ ရင်၌ လှုပ်​ရှား​ခြင်း၊ မေး​ခိုင်​ခြင်း၊ အ​ရိုး​ဆွေး​မြေ့​ခြင်း၊ တစ်​ကိုယ်​လုံး တုန်​လှုပ်​ခြင်း​ရှိ၏။ အ​ကြောင်း​မူ​ကား၊ အ​မှု​ရောက်​သော​နေ့၊ လုပ်​ကြံ​သော​သူ​သည် ငါ၏​လူ​မျိုး​ကို တိုက်​လာ​သော နေ့​တိုင်​အောင် ငါ​သည် နေ​ရစ်​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ