သူသည် အိပ်မက်ကဲ့သို့လွင့်ပြား၍ နောက်တစ်ဖန် မတွေ့ရ။ ညရူပါရုံကဲ့သို့ ကွယ်ပျောက်ရလိမ့်မည်။
ထိုသို့ မော်ဒကဲအဖို့လုပ်သော လည်ဆွဲချတိုင်၌ ဟာမန်ကို ဆွဲချကြ၏။ ရှင်ဘုရင်လည်း စိတ်ပြေတော်မူ၏။
ကြောက်မက်ဖွယ်သော အခြင်းအရာတို့သည်ဝိုင်း၍ ကျပ်တည်းစွာ လိုက်နှင့်ကြလိမ့်မည်။
သူ့ကိုအလင်းထဲက မှောင်မိုက်ထဲသို့ မောင်း၍ လူ့ပြည်မှနှင်ထုတ်ရ၏။
ထသောရေကဲ့သို့ ဘေးဥပဒ်တို့သည် သူ့ကိုလိုက်တတ်၏။ ညအခါ မိုးသက်မုန်တိုင်း တိုက်သွားတတ်၏။
အကျွန်ုပ်ပြစ်မှားခြင်းကို အဘယ်ကြောင့် သည်းခံတော်မမူသနည်း။ အကျွန်ုပ်အပြစ်ကို အဘယ်ကြောင့် ဖြေရှင်းတော်မမူသနည်း။ ယခုမှာ အကျွန်ုပ်သည် မြေမှုန့်၌အိပ်ရပါမည်။ ကိုယ်တော်သည် နံနက်အချိန်၌ ရှာတော်မူသောအခါ၊ အကျွန်ုပ်မရှိပါဟု မြွက်ဆို၏။
ငါ့ကို မြင်သောသူသည် နောက်တစ်ဖန် မမြင်ရ။ ကိုယ်တော်သည် ကြည့်ရှုတော်မူသောအခါ ငါပျောက်ပါပြီ။
ခေရုဗိမ်ကိုစီးလျက် ပျံတော်မူ၏။ လေ၏အတောင်တို့အပေါ်မှာ လျင်စွာ ပျံတော်မူ၏။
အိုထာဝရဘုရား၊ လူသည် နိုးသောအခါ အိပ်မက်ကိုမှတ်သကဲ့သို့ သူတို့ကို နှိုးတော်မူသောအခါ၊ သူတို့အကြံအစည်ကို မထီမဲ့မြင်ပြုတော်မူမည်။
အကျွန်ုပ်တို့၏အသက်အရွယ်သည် အနှစ်ခုနစ်ဆယ် အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့်သော်လည်း၊ ဝါကြွားခြင်းသည် ပင်ပန်းခြင်းနှင့် ဝမ်းနည်းခြင်းဖြစ်ပါ၏။ ထိုအသက်သည်လည်း မြန်မြန်လွန်၍၊ အကျွန်ုပ်တို့သည် စုတေ့ကြပါ၏။
လူတို့ကို လွှမ်းမိုးတိုက်သွားတော်မူ၏။ သူတို့သည် အိပ်ပျော်ခြင်းကဲ့သို့ ဖြစ်ကြပါ၏။ လူသည် မြက်ပင်ကဲ့သို့ နံနက်အချိန်၌ တိုးပွားတတ်ပါ၏။
မတရားသောသူသည် လွန်သွားသော လေပွေကဲ့သို့ ပျောက်တတ်၏။ ဖြောင့်မတ်သောသူမူကား၊ မြဲမြံသော တိုက်မြစ်ဖြစ်၏။
ထိုမင်းသည်လည်း မိမိနေရာမြို့တော်သို့ ပြန်သွားပြီးလျှင် ထိမိ၍ လဲသဖြင့် ကွယ်ပျောက်လိမ့်မည်။