Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 20:7

Judson Bible

မိ​မိ​မ​စင်​ကဲ့​သို့ အ​စဉ်​ပျက်​ရ​လိမ့်​မည်။ သူ့​ကို​မြင်​ဖူး​သော သူ​တို့​က၊ ထို​သူ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထို​ကြောင့် ယေ​ရော​ဗောင်​အ​မျိုး​အ​ပေါ်​သို့ ဘေး​ဥ​ပဒ်​ရောက်​စေ​မည်။ ဣ​သ​ရေ​လ​မြို့​ရွာ၌ အ​ချုပ်​ခံ​သော​သူ​ဖြစ်​စေ၊ အ​လွတ်​ပြေး​သော​သူ​ဖြစ်​စေ၊ ယေ​ရော​ဗောင်​အ​မျိုး ယောက်ျား​များ​ကို ပယ်​ဖြတ်​မည်။ လူ​သည် နောက်​ချေး​ကို အ​ကုန်​အ​စင် ကျုံး​သွား​သ​ကဲ့​သို့၊ ကျန်​ကြွင်း​သော ယေ​ရော​ဗောင်​အ​မျိုး​သား​ကို ပယ်​သွား​မည်။

သို့​ဖြစ်၍ ဤ​သင်္ချိုင်း​သည် ယေ​ဇ​ဗေ​လ​သင်္ချိုင်း​ဖြစ်၏​ဟု အ​ဘယ်​သူ​မျှ မ​ပြော​နိုင်​မည်​အ​ကြောင်း၊ သူ၏​အ​လောင်း​သည် ယေ​ဇ​ရေ​လ​မြေ​ကွက်​တွင်၊ လယ်​ပြင်၌ နောက်​ချေး​ကဲ့​သို့​ရှိ​ရ​လိမ့်​မည်​ဟု ဆို၏။

လူ​မူ​ကား သေ၍ ဆွေး​မြေ့​တတ်၏။ လူ​သည် အ​သက်​ချုပ်​ပြီး​လျှင် အ​ဘယ်​မှာ​ရှိ​သ​နည်း။

လူ​သည် သေ​လျှင် အ​သက်​ရှင်​ပြန်​ပါ​လိမ့်​မည်​လော။ အ​ကျွန်ုပ် ပြောင်း​လဲ​ချိန် မ​ရောက်​မီ၊ ပင်​ပန်း​စွာ အ​မှု​ထမ်း​ရ​သော နေ့​ရက်​ကာ​လ​ပတ်​လုံး သည်း​ခံ​လျက် နေ​ပါ​မည်။

ကိုယ်​တော်​သည် လူ​ကို အ​စဉ်​နိုင်​တော်​မူ၍၊ လူ​သည် ကွယ်​ပျောက်​တတ်​ပါ၏။ ထူး​ခြား​သော​မျက်​နှာ​ကို ပေး၍ အ​ခြား​သို့ လွှတ်​လိုက်​တော်​မူ၏။

အာ​ဏာ​ထား​တတ်​သော​သူ၏​အိမ်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ မ​တ​ရား​သော​သူ​တို့၏ ဘုံ​ဗိ​မာန်​တို့​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု သင်​တို့​သည် ဆို​ကြ​လိမ့်​မည်။

ထို​ရ​တတ်​သော​သူ​သည် သေ​သော​အ​ခါ သင်္ဂြိုဟ်​ခြင်း​ကို မ​ခံ​ရ။ မျက်​စိ​တစ်​မှိတ်၌ ဆုံး​ရှုံး​ပြီ။

တစ်​နေ့​ချင်း​တွင် ပျက်​စီး​တတ်​ကြ၏။ အ​ဘယ်​သူ​မျှ ပ​မာ​ဏ​မ​ပြု​ဘဲ အ​စဉ်​ဆုံး​ရှုံး​ခြင်း​သို့ ရောက်​တတ်​ကြ၏။

မိ​မိ​အိမ်​သို့ မ​ပြန်​ရ။ သူ၏​နေ​ရင်း​အ​ရပ်​သည် နောက်​တစ်​ဖန် သူ့​ကို​မ​သိ​ရ။

သူ့​ကို သုတ်​သင်​ပယ်​ရှင်း၍၊ မိ​မိ​နေ​ရာ​အ​ရပ်​က သင်​သည် ငါ​မ​တွေ့​မ​မြင်​စ​ဖူး​ဟူ၍ သူ့​ကို​ငြင်း​ပယ်​လိမ့်​မည်။

မ​တ​ရား​သော​သူ​တို့​သည် မြင်၍၊ နာ​ကြင်​သော​စိတ် ရှိ​ကြ​လိမ့်​မည်။ အံ​သွား​ခဲ​ကြိတ်၍ ပိန်​ချုံး​ကြ​လိမ့်​မည်။ မ​တ​ရား​သော​သူ​တို့၏​အ​လို​သည် ပျက်​စီး​ရ​လိမ့်​မည်။

ငါ့​ရန်​သူ​တို့​က၊ သူ​သည်​သေ၍ သူ၏​နာ​မ​သည် အ​ဘယ်​ကာ​လ​မှ တိမ်​မြုပ်​လိမ့်​မည်​နည်း​ဟု ငါ့​ကို​မ​နာ​လို၍ ဆို​တတ်​ကြ၏။

ထို​သူ​တို့​သည် အင်္ဒေါ​ရ​အ​ရပ်၌​ဆုံး​ရှုံး၍၊ မြေ​ပေါ်​မှာ နောက်​ချေး​ကဲ့​သို့ ဖြစ်​ကြ​ပါ၏။

သင်​နှင့် ဆန့်​ကျင်​ဘက်​ပြု​သော​သူ​တို့​ကို သင်​သည် ရှာ၍​မ​တွေ့​ရ။ သင့်​ကို စစ်​တိုက်​သော​သူ​တို့​သည် အ​ဘယ်​မျှ မ​ဟုတ်​သ​ကဲ့​သို့​လည်း​ကောင်း၊ အ​န​တ္တ​သက်​သက်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။

ထို​သူ​တို့​သည် ကြည်​ညို​ရာ၊ အ​မှု​ဆောင်​ရာ၊ လိုက်​သွား​ရာ၊ ရှာ​ဖွေ​ရာ၊ ကိုး​ကွယ်​ရာ​ဖြစ်​သော နေ၊ လ၊ ကောင်း​ကင်​တန်​ဆာ​ရှေ့​မှာ လှန်​ထား​ကြ​လိမ့်​မည်။ ထို​အ​ရိုး​တို့​ကို​မ​စု​မ​ပုံ၊ မ​သင်္ဂြိုဟ်​ရ။ မြေ​ပေါ်​မှာ မ​စင်​ကဲ့​သို့ ဖြစ်​ရ​ကြ​လိမ့်​မည်။

သင်​သည် ရွှေ​လင်း​တ​ကဲ့​သို့ ကိုယ်​ကို​ချီး​မြှောက်၍၊ ကြယ်​တို့​တွင် အ​သိုက်​ကို​လုပ်​သော်​လည်း၊ ထို​အ​ရပ်​မှ သင့်​ကို ငါ​နှိမ့်​ချ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ