Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 2:9

Judson Bible

ထို​အ​ခါ​မ​ယား​က၊ သင်​သည် ဖြောင့်​မတ်​သော​တ​ရား​ကို စွဲ​လမ်း​သေး​သ​လော။ ဘု​ရား​သ​ခင်​ကို စွန့်​ပယ်၍ သေ​လော့​ဟု​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

လူ​က​လည်း ကျွန်​တော်၌​အပ်​ပေး​တော်​မူ​သော မိန်း​မ​သည် ထို​အ​ပင်၏​အ​သီး​ကို​ပေး၍ ကျွန်​တော်​စား​မိ​ပါ​သည်​ဟု လျှောက်​လေ၏။

ထို​အ​ပင်​သည် စား​ဖွယ်​ကောင်း​ခြင်း၊ အ​ဆင်း​လည်း​လှ​ခြင်း၊ ပ​ညာ​တိုး​ပွား​စေ​လို​သော​ငှာ၊ နှစ်​သက်​ဖွယ်​သော​အ​ပင်​ဖြစ်​ခြင်း​ကို မိန်း​မ​သည်​မြင်​လျှင်၊ အ​သီး​ကို ယူ၍​စား၏။ မိ​မိ​ခင်​ပွန်း​အား​လည်း​ပေး၍ သူ​သည်​လည်း​စား၏။

ရှော​လ​မုန်​သည် အ​သက်​ကြီး​သော​အ​ခါ၊ မိန်း​မ​များ​တို့​သည် စိတ်​နှ​လုံး​တော်​ကို အ​ခြား​တစ်​ပါး​သော ဘု​ရား​နောက်​သို့​လွဲ​စေ​သ​ဖြင့်၊ စိတ်​နှ​လုံး​တော်​သည် ခ​မည်း​တော်​ဒါ​ဝိဒ်၏​စိတ်​နှ​လုံး​ကဲ့​သို့ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စုံ​လင်​ခြင်း​မ​ရှိ။

အ​သက်​ကြီး​သူ​တို့​အား ပြော​စဉ်​တွင်၊ ထို​တ​မန်​သည် ရောက်​လာ၏။ ရှင်​ဘု​ရင်​ကိုယ်​တိုင်​ရောက်​လျှင်၊ ဤ​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​သော အ​မှု​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​ကျေး​ဇူး​ကို အ​ဘယ်​ကြောင့် မျှော်​လင့်​ရ​သေး​သ​နည်း​ဟု​ဆို​သော်၊

ယ​ခု​မူ​ကား၊ လက်​တော်​ကို​ဆန့်၍ သူ၏​ဥ​စ္စာ​ရှိ​သ​မျှ​ကို ထိ​ခိုက်​တော်​မူ​လျှင်၊ သူ​သည် မျက်​မှောက်​တော်၌ ကိုယ်​တော်​ကို စွန့်​ပယ်​ပါ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို ပြန်​လျှောက်​လေ၏။

ယော​ဘ​က​လည်း၊ မိန်း​မ​မိုက်​ပြော​တတ်​သ​ကဲ့​သို့ သင်​သည်​ပြော၏။ အ​ဘယ်​သို့​နည်း။ ငါ​တို့​သည် ဘု​ရား​သ​ခင်၏​လက်​တော်​မှ သု​ခ​ချမ်း​သာ​ကို ခံ​ယူ​သည်​ဖြစ်၍၊ ဒု​က္ခ​ဆင်း​ရဲ​ကို မ​ခံ​မ​ယူ​ရာ​သ​လော​ဟု ဆို၏။ ယော​ဘ​သည် ဤ​အ​မှု​များ​နှင့် တွေ့​ကြုံ​သော်​လည်း နှုတ်​ဖြင့်​မျှ မ​မှား​ယွင်း။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ့​ကျွန်​ယော​ဘ​ကို ဆင်​ခြင်​မိ​ပြီ​လော။ မြေ​ကြီး​ပေါ်​မှာ​သူ​နှင့်​တူ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ စုံ​လင်​ဖြောင့်​မတ်​ပေ၏။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ၊ မ​ကောင်း​သော​အ​ကျင့်​ကို ရှောင်​သော​သူ​ဖြစ်၏။ အ​ကြောင်း​မ​ရှိ​ဘဲ သူ့​ကို​ပျက်​စီး​စေ​ခြင်း​ငှာ သင်​သည် ငါ့​ကို​တိုက်​တွန်း​သော်​လည်း၊ သူ​သည် ဖြောင့်​မတ်​သော​သ​ဘော​ကို စွဲ​လမ်း​လျက်​နေ​သည်​ဟု စာ​တန်​အား မိန့်​တော်​မူ၏။

ယ​ခု​တစ်​ဖန် လက်​တော်​ကို​ဆန့်၍ သူ့​အ​ရိုး​နှင့်​သူ့​အ​သား​ကို ထိ​ခိုက်​တော်​မူ​လျှင်၊ သူ​သည် မျက်​မှောက်​တော်၌ ကိုယ်​တော်​ကို စွန့်​ပယ်​ပါ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို ပြန်​လျှောက်​လေ၏။

ယော​ဘ​သည် ကိုယ်​ကို​ခြစ်​စ​ရာ အိုး​ခြမ်း​ကို ကိုင်​ယူ၍ မီး​ဖို​ပြာ​ထဲ​မှာ ထိုင်​လေ၏။

နာ​မ​တော်​ကို​ပြစ်​မှား​လျက် ကျိန်​ဆဲ​လေ၏။ ထို​သူ၏​အ​မိ​ကား၊ ဒန်​အ​မျိုး၊ ဒိ​ဗ​ရိ​သ​မီး​ရှေ​လော​မိတ် ဖြစ်​သ​တည်း။

ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​ကို​ဆောင်​ရွက်​သော်​လည်း အ​ကျိုး​မ​ရှိ။ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​ကို စောင့်၍၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ ညှိုး​ငယ်​စွာ​ကျင့်​ကြံ​ပြု​မူ​ခြင်း​အား​ဖြင့် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။

ပွဲ​ခံ​ရာ​ခု​နစ်​ရက်​စေ့​အောင် လင်​ရှေ့​မှာ ငို​ကြွေး၍ ခု​နစ်​ရက်​မြောက်​သော​နေ့၌ အ​လွန်​ပူ​ဆာ​သော​ကြောင့် အ​နက်​ကို​ဖော်​ပြ၏။ မိန်း​မ​သည်​လည်း အ​မျိုး​သား​ချင်း​တို့​အား ပြန်​ပြော​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ