Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 2:8

Judson Bible

ယော​ဘ​သည် ကိုယ်​ကို​ခြစ်​စ​ရာ အိုး​ခြမ်း​ကို ကိုင်​ယူ၍ မီး​ဖို​ပြာ​ထဲ​မှာ ထိုင်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

တာ​မာ​သည်​လည်း ခေါင်း​ပေါ်​မှာ ပြာ​ကို​တင်၍ အ​ဆင်း​အ​ရောင်​ထူး​ခြား​သော အ​ဝတ်​ကို​ဆုတ်​ပြီး​မှ၊ ခေါင်း​ပေါ်၌​လက်​တင်၍ ငို​ကြွေး​လျက် ပြန်​သွား၏။

ထို​အ​မှု​ရှိ​သ​မျှ​ကို မော်​ဒ​ကဲ​သိ​သော​အ​ခါ၊ မိ​မိ အ​ဝတ်​ကို ဆုတ်၍ ပြာ​နှင့်​လူး​လျက်၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက်၊ မြို့​အ​လယ်​သို့​သွား၍ ကြီး​ကျယ်​သော​အ​သံ​နှင့် ငို​ကြွေး​လေ၏။

ရှင်​ဘု​ရင်​အ​မိန့်​တော်​စာ ရောက်​လေ​သော အ​ပြည်​ပြည်​တို့၌ ယု​ဒ​လူ​တို့​သည် အ​လွန်​ညည်း​တွား​ခြင်း၊ အ​စာ​ရှောင်​ခြင်း၊ ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု၍၊ လူ​များ​တို့​သည် ပြာ​နှင့်​လျှော်​တေ​အ​ဝတ်၌ အိပ်​ကြ၏။

ထို​အ​ခါ​မ​ယား​က၊ သင်​သည် ဖြောင့်​မတ်​သော​တ​ရား​ကို စွဲ​လမ်း​သေး​သ​လော။ ဘု​ရား​သ​ခင်​ကို စွန့်​ပယ်၍ သေ​လော့​ဟု​ဆို၏။

ထို​ကြောင့် အ​ကျွန်ုပ်​သည် ကိုယ်​ကို​ရွံ​ရှာ​ပါ၏။ မြေ​မှုန့်​နှင့် မီး​ဖို​ပြာ၌​ထိုင်၍ နောင်​တ​ရ​ပါ၏​ဟု လျှောက်​လေ၏။

အ​ကျွန်ုပ်​မိုက်​သော​အ​မှု​ကြောင့် အ​နာ​တို့​သည် နံ​စော်၍ ရိ​ရွဲ့​လျက် ရှိ​ကြ​ပါ၏။

အ​ကျွန်ုပ်​ခါး​သည် ပူ​လောင်​သော​အ​နာ​စွဲ၍၊ အ​သား​သည်​လည်း ကျန်း​မာ​ခြင်း​မ​ရှိ​ပါ။

စိတ်​မ​သာ​ညည်း​တွား​သော ဇိ​အုန်​မြို့​သား​တို့​အ​ဖို့​စီ​ရင်၍၊ ပြာ​အ​ရာ၌ ပေါင်း​သ​ရ​ဖူ၊ ဝမ်း​နည်း​ခြင်း​အ​ရာ၌ ဝမ်း​မြောက်​ခြင်း​ဆီ၊ ညှိုး​ငယ်​သော စိတ်​သ​ဘော​အ​ရာ၌ ချီး​မွမ်း​ခြင်း​အ​ဝတ်​တန်​ဆာ​ကို သူ​တို့​အား​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​ကို စေ​လွှတ်​တော်​မူ​ပြီ။ ထို​သူ​တို့​သည် ဖြောင့်​မတ်​ခြင်း​သ​ပိတ်​ပင်၊ ဘုန်း​အ​သ​ရေ​တော်​ဖို့ ထာ​ဝ​ရ​ဘု​ရား စိုက်​ပျိုး​တော်​မူ​သော​အ​ပင်​ဟူ၍ သ​မုတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

အို ငါ၏​လူ​မျိုး​သ​တို့​သ​မီး၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​စည်း၍ ပြာ၌​လူး​လည်း​လော့။ တစ်​ယောက်​တည်း​သော​သား​သေ​သည်​ကို ငို​ကြွေး​သ​ကဲ့​သို့၊ ငို​ကြွေး၍ ပြင်း​စွာ​မြည်​တမ်း​လော့။ လု​ယူ​ဖျက်​ဆီး​သော​သူ​သည် ငါ​တို့​ကို ချက်​ချင်း​တိုက်​လိမ့်​မည်။

သင့်​အ​ဖို့​အော်​ဟစ်၍ ပြင်း​စွာ​ငို​ကြွေး​ကြ​လိမ့်​မည်။ မြေ​မှုန့်​ကို မိ​မိ​တို့​ခေါင်း​ပေါ်​မှာ ပစ်​တင်၍ ပြာ၌​လူး​ကြ​လိမ့်​မည်။

နိ​နေ​ဝေ​မင်း​ကြီး​သည် ထို​သ​တင်း​ကို​ကြား​သော​အ​ခါ နန်း​တော်​မှ​ဆင်း၍ မင်း​မြောက်​တန်​ဆာ​ကို​ချွတ်​ပြီး​မှ၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်၍ ပြာ​ထဲ၌ ထိုင်​တော်​မူ၏။

အို ခေါ​ရာ​ဇိန်​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အို ဗက်​ဇဲ​ဒ​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​တွင်​ပြ​သော တန်​ခိုး​ကို တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့​တို့​တွင်​ပြ​ဖူး​လျှင်၊ ထို​မြို့​တို့​သည် ရှေး​ကာ​လ၌ လျှော်​တေ​အ​ဝတ်​ကို ဝတ်၍၊ ပြာ​နှင့်​လူး​လျက် နောင်​တ ရ​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ