ငါ့စကားကို ယခုရေးမှတ်ပါစေသော။ စာရင်း၌ သွင်းထားပါစေသော။
ခဲပြားပေါ်မှာကညစ်နှင့် အက္ခရာတင်လျက်၊ ကျောက်စာထိုးလျက်မြဲပါစေသော။
တစ်စုံတစ်ယောက်သောသူသည် ငါ့စကားကို နားထောင်ပါစေသော။ ငါ့လက်မှတ်ကို ငါပေးမည်။ အနန္တတန်ခိုးရှင်သည် ငါ့ကိုစစ်ကြောတော်မူပါစေ။ ငါ့တရားတွေ့ဘက်သည် စာရေးသားထားပါစေ။
သင်သည် ယခုသွား၍ သူတို့ရှေ့မှာသင်ပုန်း၌ ရေးထားရသောအချက်၊ နောင်ကာလ အစဉ်အဆက်တည်စေခြင်းငှာ၊ စာစီ၍ မှတ်သားရသော အချက်ဟူမူကား၊
တစ်ဖန် ထာဝရဘုရားက၊ သင်သည် ကြီးသော ကျောက်သင်ပုန်းကိုယူပြီးလျှင်၊ အသော့လုယက် မြန်မြန်ဖျက်လော့ဟု ဆိုလိုသော၊ မဟေရရှာလလဟာရှဗတ်ဟူသော အက္ခရာစာလုံးကို လူဘာသာအားဖြင့် ရေးထားလော့ဟု ငါ့အား မိန့်တော်မူ၏။
သင်သည် စာလိပ်ကိုယူပြီးလျှင်၊ ယောရှိမင်းလက်ထက်၌ သင့်အား ငါပြောသော နေ့မှစ၍ ယနေ့တိုင်အောင် ဣသရေလပြည်၊ ယုဒပြည်အစရှိသော ခပ်သိမ်းသော တိုင်းပြည်တို့ကို ငါခြိမ်းသမျှသော စကားအတိုင်း ရေးထားလော့။