Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 19:22

Judson Bible

ဘု​ရား​သ​ခင် ညှဉ်း​ဆဲ​တော်​မူ​သည်​နည်း​တူ အ​ဘယ်​ကြောင့် သင်​တို့​သည် ညှဉ်း​ဆဲ​ကြ​သ​နည်း။ အ​ဘယ်​ကြောင့် ငါ့​အ​သား​ကို​စား၍ မ​ရောင်​ရဲ့​ဘဲ​နေ​ကြ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​ထ​လျှင် ကိုယ်​တော်​သည် ခြင်္သေ့​ကဲ့​သို့ အ​ကျွန်ုပ်​အ​ပေါ်​သို့ ခုန်၍ ကြောက်​မက်​ဖွယ်​သော အ​ခြင်း​အ​ရာ​တို့​ကို ပြ​တော်​မူ၏။

ကိုယ်​တော်​သည် မျက်​နှာ​တော်​ကို​လွှဲ၍ အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို ရန်​သူ​ကဲ့​သို့ မှတ်​တော်​မူ​သ​နည်း။

လေ​တိုက်​သော သစ်​ရွက်​ကို ခြောက်​လှန့်​တော်​မူ​မည်​လော။ မြက်​ခြောက်​ကို​မီ​အောင် လိုက်​တော်​မူ​မည်​လော။

ဘု​ရား​သ​ခင်​သည် ငါ့​ကို မ​တ​ရား​သော​သူ​တို့​တွင် ချုပ်​ထား​တော်​မူ​ပြီ။ လူ​ဆိုး​တို့၏​လက်​သို့ အပ်​တော်​မူ​ပြီ။

ယ​ခု​မှာ​သင်​တို့​က၊ ငါ​တို့​သည် သူ့​ကို​အ​ဘယ်​သို့ ညှဉ်း​ဆဲ​ရ​မည်​နည်း။ သူ၌ အ​ပြစ်​တင်​သော​အ​ခွင့်​ကို အ​ဘယ်​သို့​တွေ့​ရ​မည်​နည်း​ဟု ဆို​ကြ​သည်​ဖြစ်၍၊

ဘု​ရား​သ​ခင်​သည် ငါ့​ကို​လှဲ၍ မိ​မိ​ကျော့​ကွင်း၌ ကျော့​မိ​တော်​မူ​ကြောင်း​ကို သိ​မှတ်​ကြ​လော့။

ယ​ခု​တစ်​ဖန် လက်​တော်​ကို​ဆန့်၍ သူ့​အ​ရိုး​နှင့်​သူ့​အ​သား​ကို ထိ​ခိုက်​တော်​မူ​လျှင်၊ သူ​သည် မျက်​မှောက်​တော်၌ ကိုယ်​တော်​ကို စွန့်​ပယ်​ပါ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​ကို ပြန်​လျှောက်​လေ၏။

အ​ကျွန်ုပ်​ကို ကြမ်း​တမ်း​စွာ​ပြု၍၊ အား​ကြီး​သော​လက်​တော်​နှင့် ညှဉ်း​ဆဲ​တော်​မူ၏။

ငါ့​အိမ်​သူ​အိမ်​သား​တို့​က၊ အ​ဘယ်​သူ​သည် ငါ​တို့​သ​ခင်၏ အ​မဲ​သား​ကို​တောင့်​တ၍ မ​ဝ​ဘဲ​နေ​ရ​သ​နည်း​ဟု မ​ဆို​တတ်​သ​လော။

အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဒဏ်​ခတ်​တော်​မူ​သော​သူ​ကို ညှဉ်း​ဆဲ​ကြ​ပါ၏။ နာ​စေ​တော်​မူ​သော​သူ​တို့​ကို ထပ်၍ နာ​စေ​ကြ​ပါ၏။

သူ​တို့​အ​ပြစ်၌ အ​ပြစ်​ကို​ထပ်၍ ပေး​တော်​မူ​ပါ။ ကု​သိုလ်​တော်​နှင့် မ​ဆိုင်​ကြ​ပါ​စေ​နှင့်။

သင်​သည် ခ​ရီး​သွား​သော​သူ​တို့​ရှေ့​မှာ ကိုယ်​ကို မြေ​တန်​တား​လုပ်၍၊ အ​လျား​ဝပ်​စေ​ခြင်း​ငှာ ဝပ်​လျက်​နေ​တော့။ ငါ​ကျော်​သွား​မည်​ဟု ဆို၍၊ သင့်​ကို​ညှဉ်း​ဆဲ​သော သူ​တို့​လက်၌ ထို​ဖ​လား​ကို​ငါ​ထား​မည်။

ငါ့​လူ​တို့၏​အ​သား​ကို​စား​လျက်၊ အ​ရေ​ကို​ခွာ​လျက်၊ အ​ရိုး​တို့​ကို ချိုး​လျက်၊ ဟင်း​အိုး၌ ချက်​သော သား​တစ်၊ အိုး​ကင်း၌​ပြုတ်​သော အ​မဲ​သား​ကို ပြု​သ​ကဲ့​သို့ အ​ရိုး​အ​သား​ကို စဉ်း​လျက်​နှင့်​ပင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ