ယောဘဝတ္တု။ 19:14Judson Bibleငါ့ပေါက်ဖော်တို့သည် ငါ့ကိုစွန့်၍၊ ငါ့သူငယ်ချင်းတို့သည် မေ့လျော့ကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ သူ၏ညီအစ်ကိုနှမများ၊ အရင်သိကျွမ်းသောသူများ၊ အပေါင်းတို့သည် သူ့ထံသို့လာ၍ သူ၏အိမ်၌ သူနှင့်အတူ စားသောက်ကြ၏။ သူ့အပေါ်မှာ ထာဝရဘုရား ရောက်စေတော်မူသော ဒုက္ခဆင်းရဲရှိသမျှကို အောက်မေ့၍ သူနှင့်အတူ ညည်းတွားခြင်းနှင့် နှစ်သိမ့်စေခြင်းကို ပြုကြ၏။ ထိုသူအပေါင်းတို့သည်လည်း၊ ငွေတစ်ပြားစီနှင့် ရွှေနားတောင်းတစ်ဖက်စီ ပေးကြ၏။
လူများကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရ၏။ ခပ်သိမ်းသော အရပ်တို့၌ ကြောက်မက်ဖွယ်သော အကြောင်းရှိ၏။ သူတစ်ပါးတို့က သတင်းကို ကြားပြောကြလော့။ ငါတို့သည် တစ်ဆင့် ကြားပြောလိမ့်မည်ဟု ဆိုကြ၏။ ငါ၏အနားမှာ အစဉ်နေသော ငါ၏မိတ်ဆွေအပေါင်းတို့က၊ ငါတို့သည် သူ့ကိုနိုင်၍ အငြိုးထားသောစိတ်ပြေစေခြင်းငှာ၊ သူ့ကို သွေးဆောင်ကောင်း သွေးဆောင်လိမ့်မည်ဟု ဆိုကြ၏။