ငါ့ကျွန်မများ၊ ငါ့အိမ်သူအိမ်သားများတို့သည် ငါ့ကိုဧည့်သည်ကဲ့သို့လည်းကောင်း၊ တစ်ကျွန်းတစ်နိုင်ငံသားကဲ့သို့လည်းကောင်း မှတ်ကြ၏။
ငါ့ပေါက်ဖော်တို့သည် ငါ့ကိုစွန့်၍၊ ငါ့သူငယ်ချင်းတို့သည် မေ့လျော့ကြ၏။
ငါ့ကျွန်ကိုငါခေါ်သောအခါ သူသည်မထူး၊ သူ့ကိုနှုတ်ဆက်၍ တောင်းပန်ရ၏။
အို ထာဝရဘုရား၊ ကယ်မသနားတော်မူပါ။ အကျွန်ုပ်တို့သည် အလွန်အရှက်ကွဲခြင်းကို ခံရပါသည်ဖြစ်၍၊ ကယ်မသနားတော်မူပါ။