သင်သည်ငါတို့ကို တိရစ္ဆာန်ကဲ့သို့ အဘယ်ကြောင့်မှတ်သနည်း။ အဘယ်ကြောင့် မထီမဲ့မြင်ပြုသနည်း။
သင်တို့မူကား တစ်ယောက်မျှမကြွင်း၊ ပြန်သွားကြပါတော့။ သင်တို့တွင် ပညာရှိတစ်စုံတစ်ယောက်ကိုမျှ ငါမတွေ့နိုင်။
ကိုယ်တော်သည် သူတို့ဉာဏ်ကို ကွယ်စေတော်မူသည်ဖြစ်၍၊ သူတို့ကို ချီးမြှောက်တော်မမူရ။
ဤစကားသည် အဘယ်အခါမှ ပြတ်လိမ့်မည်နည်း။ သတိပြုကြ။ သို့မှသာငါတို့သည် စကားပြောကြမည်။
အမျက်ထွက်၍ မိမိကိုယ်ကို ကိုက်ဖြတ်သောသူ၊ သင့်အတွက် မြေကြီးကိုစွန့်ပစ်ရမည်လော။ ကျောက်သည် မိမိနေရာမှ ရွေ့ရမည်လော။
မိုက်သောသူ၊ ပညာမဲ့သောသူ ဖြစ်ပါ၏။ ရှေ့တော်၌ တိရစ္ဆာန်ကဲ့သို့ ဖြစ်ပါ၏။
လူသားတို့နေရာကိုရည်မှတ်၍ ငါအောက်မေ့သည်ကား၊ လူတို့ကို ဘုရားသခင် စုံစမ်းတော်မူမည်အကြောင်းနှင့်၊ သူတို့သည် တိရစ္ဆာန်ကဲ့သို့ဖြစ်သည်ကို သူတို့သိမြင်မည်အကြောင်း၊ နေရာကျသတည်း၊
ညီအစ်ကိုချစ်ခြင်းအရာမှာ၊ ပကတိပေါက်ဖော်ကဲ့သို့ တစ်ယောက်ကိုတစ်ယောက် စုံမက်ကြလော့။ ချီးမွမ်းခြင်းအရာမှာ၊ သူတစ်ပါးကို ကိုယ်ထက် ချီးမြှောက်ကြလော့။-
သို့သော်လည်း ဒဏ်ချက်လေးဆယ်ထက် မလွန်စေရ။ လွန်၍ များစွာသော ဒဏ်ချက်ဖြင့်ရိုက်လျှင်၊ သင်၏အမျိုးသားချင်းသည် ယုတ်ညံ့သောသူ ဖြစ်ဟန်ရှိမည်ဟု စိုးရိမ်စရာရှိ၏။