ဤစကားသည် အဘယ်အခါမှ ပြတ်လိမ့်မည်နည်း။ သတိပြုကြ။ သို့မှသာငါတို့သည် စကားပြောကြမည်။
စကားများ၍ အကျိုးရှိသည်မဟုတ်။ နှုတ်သီးကောင်းသောသူသည် မိမိအပြစ်နှင့် လွတ်ရမည်လော။
တစ်ဖန် ရှုအာအမျိုးသား ဗိလဒဒ်မြွက်ဆိုသည်ကား၊
သင်သည်ငါတို့ကို တိရစ္ဆာန်ကဲ့သို့ အဘယ်ကြောင့်မှတ်သနည်း။ အဘယ်ကြောင့် မထီမဲ့မြင်ပြုသနည်း။
ငါ့စကားကိုစေ့စေ့နားထောင်၍ ငါ့အားနှစ်သိမ့်ခြင်းကို ပြုကြလော့။
ထိုအရပ်၌ လူဆိုးတို့သည် နောက်တစ်ဖန် မနှောင့်ယှက်ရ။ ပင်ပန်းသောသူတို့သည် ချမ်းသာရကြ၏။
သို့ဖြစ်၍ အိုယောဘ၊ ငါမြွက်ဆိုသောစကား အလုံးစုံတို့ကို နားထောင်နာယူပါလော့။
သင်သည် အဘယ်မျှကာလပတ်လုံး ဤသို့ပြောမည်နည်း။ သင်ပြောသောစကားသည် အဘယ်မျှကာလပတ်လုံး လေပြင်းကဲ့သို့ ဖြစ်မည်နည်း။
အကျိုးအကြောင်းကို မစစ်မီ၊ အမှုစီရင်သောသူသည် မိုက်သောအပြစ်၊ အရှက်ကွဲရသောအပြစ်ရှိ၏။
သို့ဖြစ်၍၊ ငါချစ်သော ညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှာ လျင်မြန်ကြစေ။ စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်း နှေးကြစေ။-