ပုပ်စပ်ခြင်းအား၊ သင်သည် ငါ့အဘဖြစ်၏ ဟူ၍လည်းကောင်း၊ တီကောင်အား သင်သည်ငါ့အမိ၊ ငါ့နှမဖြစ်သည်ဟူ၍လည်းကောင်း ငါဆိုရ၏။
ထိုသို့ခံရသောသူသည် ဆွေးမြေ့သော အရာကဲ့သို့လည်းကောင်း၊ ပိုးရွကိုက်စားသော အဝတ်ကဲ့သို့လည်းကောင်း အားလျော့ပျက်ရပါ၏။
ငါ့အရေကုန်ပြီးမှ ဤကိုယ်ကိုပင် ဖျက်ဆီးသော်လည်း၊ ငါသည်ကိုယ်ခန္ဓာ၌ ဘုရားသခင်ကိုမြင်မည်ဟူ၍လည်းကောင်း ငါသိ၏။
နှစ်ယောက်လုံးတို့သည် မခြားမနား၊ မြေမှုန့်၌အိပ်၍ တီကောင်များ ဖုံးလွှမ်းခြင်းကို ခံရကြ၏။
သူ၏အမိသည် သူ့ကိုမေ့လျော့၍၊ တီကောင်တို့သည် မြိန်စွာ စားလိမ့်မည်။ နောက်တစ်ဖန် အဘယ်သူမျှ မအောက်မေ့ရ။ မတရားသောသူသည် သစ်ပင်ကဲ့သို့ ကျိုးရလိမ့်မည်။
ထိုမျှမက၊ တီကောင်ဖြစ်သောလူ၊ ပိုးရွဖြစ်သောလူသားကို အဘယ်ဆိုဖွယ်ရာရှိသနည်းဟု မြွက်ဆို၏။
အဆင်းမည်းလျက် အရိုးပူလောင်လျက်ရှိ၏။
လောက်နှင့်ရွှံ့တို့သည် အဝတ်ကဲ့သို့ ငါ့ကိုယ်ကို ဖုံးလွှမ်းကြ၏။ ငါ့အရေသည် ကွဲ၍ ယိလျက်ရှိ၏။
အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်၏ဝိညာဉ်ကို မရဏနိုင်ငံ၌ ပစ်ထားတော်မမူ။ ကိုယ်တော်၏ သန့်ရှင်းသောသူအားလည်း ပုပ်စပ်ခြင်းကိုရှိစေတော်မမူဘဲလျက်၊
ရွေးလျှင် အစဉ်အမြဲ အသက်ရှင်ရာ၏။ ပုပ်စပ်ခြင်းသို့ မရောက်ရာ။
သင်၏ဘုန်းအသရေနှင့် သင်၏တူရိယာမျိုး အသံဗလံတို့ကို မရဏနိုင်ငံတွင် ရှုတ်ချလေပြီတကား။ သင့်အောက်၌ ပိုးကောင်များကိုခင်းလျက်၊ သင့်အပေါ်၌ တီကောင်များကို ခြုံလျက်ရှိပါသည်တကားဟု သင့်ကိုနှုတ်ဆက်၍ ပြောဆိုကြလိမ့်မည်။
ထိုနည်းတူ၊ သေသောသူတို့၏ ထမြောက်ခြင်း အကြောင်းအရာဖြစ်၏။ ကိုယ်သည် စိုက်သောအခါ၊ ပုပ်တတ်သောသဘောရှိ၏။ ထမြောက်သောအခါ မပုပ်နိုင်သောအဖြစ်၌ တည်၏။-