Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 17:13

Judson Bible

သင်္ချိုင်း​သည် ငါ့​နေ​ရာ​ဖြစ်​သည်​ကို ငါ​မျှော်​လင့်၏။ ငါ့​အိပ်​ရာ​သည် မှောင်​မိုက်၌ ခင်း​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

လူ​သည် သေ​လျှင် အ​သက်​ရှင်​ပြန်​ပါ​လိမ့်​မည်​လော။ အ​ကျွန်ုပ် ပြောင်း​လဲ​ချိန် မ​ရောက်​မီ၊ ပင်​ပန်း​စွာ အ​မှု​ထမ်း​ရ​သော နေ့​ရက်​ကာ​လ​ပတ်​လုံး သည်း​ခံ​လျက် နေ​ပါ​မည်။

ငါ့​အ​သက်​ကုန်​ပြီ။ ငါ​နေ​ရ​သော​ကာ​လ လွန်​ပြီ။ သင်္ချိုင်း​သည် ငါ့​အ​ဖို့​ဖြစ်၏။

ည​သည် ငါ၌​နေ့​ကဲ့​သို့​ဖြစ်၍၊ ငါ့​အ​လင်း​သည် မှောင်​မိုက်​နှင့် နီး​စပ်၏။

ထို​သို့​မ​ပြု​လျှင် ငါ​သည်​အိပ်၍ ငြိမ်း​ပြီ။ ပျော်​လျက်​နေ​ရ​ပြီ။

သေ​ခြင်း​သို့​လည်း​ကောင်း၊ အ​သက်​ရှင်​သော​သူ​ခပ်​သိမ်း​တို့​အ​ဖို့ စီ​ရင်​သော​နေ​ရာ​သို့​လည်း​ကောင်း၊ အ​ကျွန်ုပ်​ကို ပို့​ဆောင်​တော်​မူ​မည်​ဟု အ​ကျွန်ုပ်​သိ​ပါ၏။

ငါ​မျှော်​လင့်​စ​ရာ​အ​ခွင့် ရှိ​ရ​မည်​အ​ကြောင်း၊ ငါ့​ခွန်​အား​ကား အ​ဘယ်​သို့​နည်း။ ငါ​သည် ကိုယ်​အ​သက်​ကို စောင့်​ရ​မည်​အ​ကြောင်း၊ နောက်​ဆုံး​ခံ​ရ​သော အ​ကျိုး​ကား အ​ဘယ်​သို့​နည်း။

မိုး​တိမ်​သည် ပြယ်​ပျောက် ကွယ်​လွင့်​သ​ကဲ့​သို့၊ သင်္ချိုင်း​တွင်း​ထဲ​သို့ ဆင်း​သော​သူ​သည် နောက်​တစ်​ဖန် မ​တက်​ရ။

ကောင်း​ကင်​သို့​တက်​လျှင် ကိုယ်​တော်​ရှိ​တော်​မူ၏။ မ​ရ​ဏ​နိုင်​ငံ၌ အိပ်​ရာ​ကို​ခင်း​လျှင် ကိုယ်​တော်​ရှိ​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​လော့။ အား​ယူ၍ ရဲ​ရင့်​သော စိတ်​နှ​လုံး​ရှိ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​လျက်​နေ​လော့။

ထို​ကာ​လ၌ မြင့်​သော​အ​ရာ​တို့​ကို ကြောက်​ကြ​လိမ့်​မည်။ လမ်း၌​ဘေး​တွေ့​မည်​ဟု ထင်​ကြ​လိမ့်​မည်။ ဗာ​တံ​ပင်​ပွင့်​လိမ့်​မည်။ ကျိုင်း​ကောင်​သည် မိ​မိ၌ မိ​မိ​လေး​လိမ့်​မည်။ အ​လို​ဆ​န္ဒ​လျော့​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ လူ​သည် ထာ​ဝ​ရ​နေ​ရာ​သို့ သွား​ဆဲ​ရှိ၍၊ ငို​ခြင်း​သည်​တို့​သည် လမ်း​တို့၌ လှည့်​လည်​ကြ၏။

ထို​သို့​သော သူ​သည် ချမ်း​သာ​ထဲ​သို့ ဝင်​ရ၏။ ဖြောင့်​မတ်​စွာ​ကျင့်​လျက် မိ​မိ​အိပ်​ရာ​ပေါ်​မှာ ငြိမ်​ရ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ