ငါသည်ငြိမ်ဝပ်လျက်နေသောအခါ ငါ့အရိုးတို့ကို ချိုးတော်မူ၏။ လည်ပင်းကိုကိုင်၍ အပိုင်းပိုင်းပြတ်စေခြင်းငှာ လှုပ်တော်မူ၏။ ငါ့ကို ပစ်စရာစက်သွင်းတော်မူ၏။
လည်ပင်းကိုဆန့်လျက်၊ ထူသောဒိုင်းပုနှင့် ဆီးကာလျက်၊ ဘုရားသခင်ကို တိုက်အံ့သောငှာ ပြေး၏။
ဘုရားသခင်သည် ငါ့ကို မတရားသောသူတို့တွင် ချုပ်ထားတော်မူပြီ။ လူဆိုးတို့၏လက်သို့ အပ်တော်မူပြီ။
ဘုရားသခင်သည် ငါ့စိတ်ပျက်စေခြင်းငှာလည်းကောင်း၊ အနန္တတန်ခိုးရှင်သည် ငါကြောက်ရွံ့စေခြင်းငှာလည်းကောင်း ပြုတော်မူ၏။
ထိုအခါ ဘုရားသခင်၏မီးခွက်သည် ငါ့ခေါင်းပေါ်မှာ ထွန်းလင်းသည်ဖြစ်၍၊ ထိုအလင်းကို ငါအမှီပြုလျက်၊ မိုက်သောအရပ်၌ လျှောက်သွားနိုင်၏။
ငါသည် ငြိမ်ဝပ်ခြင်းမရှိ။ ချမ်းဧခြင်းမရှိ။ သက်သာခြင်းမရှိ။ ဒုက္ခဆင်းရဲသက်သက် ရှိသည်ဟု မြွက်ဆိုလေ၏။
ခြင်္သေ့ဟောက်ခြင်း၊ ကြမ်းတမ်းသော ခြင်္သေ့အသံမြည်ခြင်း၊ ခြင်္သေ့ကလေးကိုက်ဝါးခြင်း ငြိမ်းရ၏။
အနန္တတန်ခိုးရှင် ပစ်တော်မူသော မြားတို့သည် ငါ၌စွဲ၍၊ အဆိပ်အတောက်ဖြင့် ငါ့ဝိညာဉ်ကို မွန်းစေ၏။ ဘုရားသခင်ပြတော်မူသော ကြောက်မက်ဖွယ်အရာတို့သည် ငါ့ရှေ့မှာ စီလျက်ရှိကြ၏။
ငါသည် ပင်လယ်ဖြစ်သလော။ နဂါးဖြစ်သလော။ ထိုသို့ဖြစ်သောကြောင့် ငါ့ကို အစောင့်ထားတော်မူရသလော။
လူကို စောင့်တော်မူသောအရှင်၊ အကျွန်ုပ်အပြစ်ရှိသည် မှန်ပါစေတော့။ ကိုယ်တော်ရှေ့မှာ အဘယ်သို့ ပြုရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်ကိုကိုယ် ရွံရှာရသည်တိုင်အောင် အကျွန်ုပ်ကို အဘယ်ကြောင့် ပစ်စရာစက်သွင်းတော်မူသနည်း။
အကြောင်းမူကား၊ မိုးသက်မုန်တိုင်းဖြင့် ငါ့ကိုညှဉ်းဆဲ၍၊ အကြောင်းမရှိဘဲ ငါ၌ အနာတို့ကို များပြားစေတော်မူ၏။
ကိုယ်တော်မူကား၊ မြေခွေးနေရာအရပ်မှာ အကျွန်ုပ်တို့ကို ချိုးဖဲ့နှိပ်စက်၍၊ သေခြင်းအရိပ်နှင့် ဖုံးလွှမ်းတော်မူ၏။
အကယ်စင်စစ် ငါ့ကိုတစ်နေ့လုံး အထပ်ထပ် ဒဏ်ခတ်တော်မူ၏။
ငါ့အရေနှင့် အသားကို ဆွေးရိစေ၍ ငါ့အရိုးတို့ကိုလည်း ချိုးတော်မူ၏။
သင့်ကို လက်နှင့်ကိုင်သောအခါ သင်သည် အကိုင်မခံ။ သူတို့ ပခုံးဆစ်ကို ဖြုတ်လေ၏။ သင်နှင့်ကိုယ်ကိုထောက်သောအခါ သင်သည်ကျိုး၍ သူတို့ခါးကို နာစေ၏။
အကြင်သူသည် ထိုကျောက်အပေါ်သို့ ကျ၏။ ထိုသူသည် ကျိုးလတ္တံ့၊ အကြင်သူ၏အပေါ်သို့ ထိုကျောက်သည် ကျ၏၊ ထိုသူသည် ညက်ညက်ကြေလတ္တံ့ဟု မိန့်တော်မူ၏။
ထိုသူတို့သည် ငါ့အသက်အဖို့ မိမိတို့လည်ပင်းကို ချထားသောသူဖြစ်ကြ၏။ သူတို့ကျေးဇူးရှိသည်ဟု ငါတစ်ယောက်တည်းသာ ဝန်ခံသည်မဟုတ်။ တစ်ပါးအမျိုးသား အသင်းတော်အပေါင်းတို့သည် ဝန်ခံကြ၏။-