Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 16:13

Judson Bible

မြား​တော်​တို့​သည် ငါ့​ကို​ဝိုင်း၍ က​ရု​ဏာ​တော်​မ​ရှိ​ဘဲ၊ ငါ့​ကျောက်​ကပ်​ကို စူး​စေ​တော်​မူ၏။ ငါ့​သည်း​ခြေ​အ​ရည်​ကို မြေ​ပေါ်၌ သွန်း​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

လေး​သ​မား​တို့​သည် သူ့​ကို​အ​ငြိုး​ထား၍၊ အ​လွန်​ညှဉ်း​ဆဲ​ပစ်​ခတ်​ကြ၏။

စစ်​ချီ​လာ၍၊ စစ်​သူ​ရဲ​တော်​တို့​သည် ငါ့​ရှေ့​သို့​ရောက်​ခြင်း​ငှာ၊ ကျုံး​တူး၍ ငါ့​ပတ်​လည်၌ တပ်​ချ​ကြ၏။

ငါ့​ဘက်၌​နေ​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ငါ​မြင်​မည်။ သူ​တစ်​ပါး​မြင်​သည်​သာ​မ​က၊ ငါ​သည် ကိုယ်​မျက်​စိ​နှင့် ဖူး​မြင်​မည်။ ထို​သို့​မျှော်​လင့်၍ ငါ့​ကျောက်​ကပ်​သည် ပျက်​လျက်​ရှိ၏။

မြား​ကို​နုတ်​လျှင် မိ​မိ​ကိုယ်​ထဲ​က ထွက်​လာ၏။ အ​ရောင်​တောက်​သော​ဓား​သည် သူ၏​သည်း​ခြေ​ထဲ​က ထွက်​လာ၍၊ သူ​သည် မိန်း​မော​တွေ​ဝေ​လျက် နေ​ရ၏။

ဗိုလ်​ခြေ​တော်​တို့​ကို ရေ​တွက်​နိုင်​သ​လော။ အ​လင်း​တော်​သည် အ​ဘယ်​သူ​ကို မ​လင်း​ဘဲ​နေ​သ​နည်း။

ထို​သို့​ဖြစ်​လျှင် ငါ​သည် သက်​သာ​ရ၏။ ငြို​ငြင်​သော်​လည်း သည်း​ခံ​မည်။ ငါ့​ကို နှ​မြော​တော်​မ​မူ​ပါ​စေ​နှင့်။ သန့်​ရှင်း​တော်​မူ​သော​သူ၏ စ​ကားတော်​ကို ငါ​မ​ငြင်း​မ​ဆန်​ပြီ။

အ​န​န္တ​တန်​ခိုး​ရှင် ပစ်​တော်​မူ​သော မြား​တို့​သည် ငါ၌​စွဲ၍၊ အ​ဆိပ်​အ​တောက်​ဖြင့် ငါ့​ဝိ​ညာဉ်​ကို မွန်း​စေ၏။ ဘု​ရား​သ​ခင်​ပြ​တော်​မူ​သော ကြောက်​မက်​ဖွယ်​အ​ရာ​တို့​သည် ငါ့​ရှေ့​မှာ စီ​လျက်​ရှိ​ကြ၏။

ငါ၏​လူ​မျိုး သ​တို့​သ​မီး​ပျက်​စီး​သော​ကြောင့်၊ ငါ​သည်​မျက်​ရည်​ကျ၍ မျက်​စိ​ပျက်​လေ​ပြီ။ ဝမ်း၌ ဆူ​လှိုက်​ခြင်း​ရှိ၍ အ​သည်း​လည်း မြေ​ပေါ်​မှာ သွန်း​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သူ​ငယ်​နှင့် နို့​စို့​က​လေး​တို့​သည် မြို့​လမ်း၌ အား​ပျက်​လျက်​နေ​ကြ၏။

ရန်​သူ​ကဲ့​သို့ လေး​ကို​တင်​လျက်၊ ရန်​ဘက်​ပြု​သော​သူ​ကဲ့​သို့ လက်​ယာ​လက်​ကို ချီ​ကြွ​လျက်၊ တင့်​တယ်​ခြင်း အ​သ​ရေ​ရှိ​သော သူ​အ​ပေါင်း​တို့​ကို သတ်​တော်​မူ​ပြီ။ ဇိ​အုန်​သ​တို့​သ​မီး၏​နေ​ရာ​တဲ​ပေါ်​မှာ မီး​ကဲ့​သို့​သော အ​မျက်​တော်​ကို သွန်း​လောင်း​တော်​မူ၏။

ငါ့​ကို လမ်း​လွဲ​စေ​ပြီး​လျှင် အ​ပိုင်း​ပိုင်း​ဖြတ်၍ ဖျက်​ဆီး​တော်​မူ၏။

မြား​တော်​တို့​ကို​လည်း၊ ငါ့​ကျောက်​ကပ်​ကို ခွင်း​စေ​တော်​မူ၏။

ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​အ​ရာ​အ​ပေါင်း​တို့​နှင့် ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို သင်​သည် ညစ်​ညူး​စေ​သော​ကြောင့်၊ ငါ​သည်​လည်း သင့်​ကို​မ​နှ​မြော၊ မ​စုံ​မက်​ဘဲ​မျက်​နှာ​လွှဲ​မည်။

မိ​မိ​သား​တော်​ရင်း​ကို မ​နှ​မြော​ဘဲ၊ ငါ​တို့​ရှိ​သ​မျှ အ​ဖို့​အ​လို​ငှာ စွန့်​တော်​မူ​သော​သူ​သည်၊ သား​တော်​နှင့်​တ​ကွ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ငါ​တို့​အား​မ​ပေး​ဘဲ အ​ဘယ်​သို့ နေ​တော်​မူ​မည်​နည်း။-

ထို​သူ​ကို ထာ​ဝ​ရ​ဘု​ရား နှ​မြော​တော်​မ​မူ။ အ​ပြစ်​ရှိ​သည်​ဟု ထင်​လွယ်​သော​စိတ်၊ အ​မျက်​တော်​အ​ရှိန် မီး​ခိုး​ထွက်၍ ဤ​ကျမ်း​စာ၌​ရေး​ထား​သော အ​မင်္ဂ​လာ​ရှိ​သ​မျှ​တို့​သည် ထို​သူ​အ​ပေါ်​မှာ တည်​နေ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သူ၏​အ​မည်​ကို မိုး​ကောင်း​ကင်​အောက်၌ ချေ​တော်​မူ​လိမ့်​မည်။

ရှေး​လော​က​ဓာတ်​ကို​လည်း နှ​မြော​တော်​မ​မူ။ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို​ဟော​သော နော​ဧ​နှင့် လူ​ခု​နစ်​ယောက်​တို့​ကို စောင့်​မ​တော်​မူ၍၊ ဘု​ရား​ကို မ​ကိုး​ကွယ်​သော လော​ကီ​သား​အ​ပေါင်း​တို့​ကို ရေ​လွှမ်း​မိုး​စေ​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ