Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 15:31

Judson Bible

အ​ဘယ်​သူ​မျှ လှည့်​စား​ခြင်း​ကို​ခံ၍ အ​န​တ္တ​ကို မ​ခို​လှုံ​စေ​နှင့်။ သို့​မ​ဟုတ် အ​န​တ္တ​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

တန်​ခိုး​တော်၊ ဉာဏ်​တော်​နှင့်​ပြည့်​စုံ၍၊ မှား​သော​သူ​နှင့် မှား​စေ​သော​သူ​တို့​ကို ပိုင်​တော်​မူ၏။

မု​သား​လမ်း​သို့ ငါ​လိုက်​မိ​သော်​လည်း​ကောင်း၊ လှည့်​စား​ခြင်း​ငှာ ငါ​ပြေး​မိ​သော်​လည်း​ကောင်း၊

အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် အ​ချည်း​နှီး​သော​စ​ကား​ကို နား​ထောင်​တော်​မ​မူ။ အ​န​န္တ​တန်​ခိုး​ရှင်​သည် ထို​သို့​သော​စ​ကား​ကို မ​မှတ်​ဘဲ နေ​တော်​မူ၏။

ငါ​သိ​မြင်​သည်​အ​တိုင်း၊ မ​တ​ရား​သော​လယ်​ထွန်​ခြင်း​ကို ပြု​သော​သူ​နှင့် အ​ဓ​မ္မ​မျိုး​စေ့​ကို ကြဲ​သော​သူ​တို့​သည် ထို​သို့​နှင့်​အ​ညီ စ​ပါး​ရိတ်​တတ်​ကြ၏။

ညှဉ်း​ဆဲ​ခြင်း​ကို မ​ကိုး​စား​ကြ​နှင့်။ အ​နိုင်​အ​ထက်​လု​ယူ၍ မ​ဝါ​ကြွား​ကြ​နှင့်။ ဥ​စ္စာ​များ​ပြား​လျှင် စိတ်​စွဲ​လမ်း​ခြင်း မ​ရှိ​ကြ​နှင့်။

ဒု​စ​ရိုက်​မျိုး​စေ့​ကို​ကြဲ​သော​သူ​သည် ဒု​က္ခ​စ​ပါး​ကို ရိတ်​ရ​မည်။ ဒေါ​သ​စိတ်​ရှိ၍ ဒဏ်​ပေး​နိုင်​သော တန်​ခိုး​လည်း ပျောက်​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ မ​တ​ရား​သော​သူ​သည် အ​ကျိုး​ကို​မ​ရ။ အ​ဓ​မ္မ​လူ၏​မီး​ခွက်​သည် သေ​လိမ့်​မည်။

သူ​သည် မီး​ဖို​ပြာ​ကို ကျက်​စား​တတ်၏။ မိုက်​သော​စိတ်​နှင့် လမ်း​လွဲ​ပြီ။ ထို​ကြောင့်၊ ကိုယ်​ဝိ​ညာဉ်​ကို ကိုယ်​မ​ချွတ်​နိုင်။ မိ​မိ​လက်​ယာ​လက်၌ မိ​စ္ဆာ​ဒိ​ဌိ​ပါ​သ​လော​ဟု မ​အောက်​မေ့​နိုင်​ပါ​တ​ကား။

တ​ရား​ကို အ​ဘယ်​သူ​မျှ​မ​ရှာ၊ သ​စ္စာ​ကို အ​ဘယ်​သူ​မျှ​မ​စောင့်၊ အ​န​တ္တ​ကို​ကိုး​စား၍ မု​သား​စ​ကား​ကို ပြော​တတ်​ကြ၏။ မ​ကောင်း​သော​အ​ကြံ​ကို ပ​ဋိ​သ​န္ဓေ​ယူ၍၊ အ​ဓ​မ္မ​အ​မှု​ကို ဖွား​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် ခါ​လ​ဒဲ​လူ​တို့​သည် ငါ​တို့​ထံ​မှ ထွက်​သွား​ကြ​လိမ့်​မည်​ဟု ဆို၍ ကိုယ်​ကို​ကိုယ် မ​လှည့်​စား​ကြ​နှင့်။ သူ​တို့​သည်​ထွက်၍ မ​သွား​ရ​ကြ။

လေ​မျိုး​စေ့​ကို​ကြဲ၍ လေ​ပွေ​စ​ပါး​ကို ရိတ်​ရ​ကြ​လိမ့်​မည်။ စ​ပါး​ပင် မ​ရှိ​ရ။ အ​နှံ​ထဲ​က မုန့်​ညက်​မ​ထွက်​ရ။ ထွက်​သော်​လည်း တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် စား​ကြ​လိမ့်​မည်။

မု​သား​အ​န​တ္တ​ကို မှီ​ဝဲ​သော​သူ​တို့​သည် မိ​မိ​တို့ က​ရု​ဏာ​ခံ​ရာ​အ​ကြောင်း​ကို စွန့်​ပစ်​ကြ​ပါ၏။

အ​ကြင်​သူ​သည် ဘာ​မျှ​မ​ဟုတ်​ဘဲ​လျက်၊ ဤ​မျှ​လောက်​ငါ​ဖြစ်​သည်​ဟု​စိတ်​ထင်​လျှင်၊ ထို​သူ​သည် ကိုယ်​ကို လှည့်​ဖြား​သော​သူ​ဖြစ်၏။-

လျှပ်​ပေါ်​သော​စ​ကား​ဖြင့် အ​ဘယ်​သူ​မျှ သင်​တို့​ကို မ​လှည့်​ဖြား​စေ​နှင့်။ ထို​အ​မှု​ကြောင့် ဘု​ရား​သ​ခင်၏ အ​မျက်​တော်​သည် ငြင်း​ဆန်​တတ်​သော သူ​တို့ အ​ပေါ်​သို့ သင့်​ရောက်​ပေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ