Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 15:30

Judson Bible

သူ​သည် မှောင်​မိုက်​ဘေး​နှင့် မ​လွတ်​ရ။ မီး​လျှံ​သည် သူ၏​အ​ခက်​အ​လက်​တို့​ကို လောင်​လိမ့်​မည်။ ဘု​ရား​သ​ခင်၏ နှုတ်​တော်​အ​သက်​အား​ဖြင့် သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို ခံ​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

မှောင်​မိုက်​ထဲ​မှာ ဘေး​လွတ်​မည်​ဟု မျှော်​လင့်​စ​ရာ​မ​ရှိ။ ဓား​သည် သူ့​ကို ချောင်း​မြောင်း​လျက်​ရှိ၏။

စား​စ​ရာ​ကို ရှာ၍ လှည့်​လည်​ရ၏။ မိ​မိ​အ​ဖို့ မှောင်​မိုက်​ကာ​လ​သည် အ​သင့်​ရှိ​သည်​ကို သိ၏။

အ​ဓ​မ္မ​လူ၏​အ​သင်း​သည် ဆိတ်​ညံ​လိမ့်​မည်။ တံ​စိုး​စား​သော​သူ​တို့၏ နေ​ရာ​သည် မီး​လောင်​လိမ့်​မည်။

သူ၏​အ​မြစ်​တို့​သည် သွေ့​ခြောက်​လျက်၊ အ​ခက်​အ​လက်​တို့​လည်း သေ​လျက်​ရှိ​ကြ​လိမ့်​မည်။

သူ့​ကို​အ​လင်း​ထဲ​က မှောင်​မိုက်​ထဲ​သို့ မောင်း၍ လူ့​ပြည်​မှ​နှင်​ထုတ်​ရ၏။

ခပ်​သိမ်း​သော​ဘေး​တို့​သည် သူ့​အ​ဖို့ သို​ထား​လျက်​ရှိ​ကြ၏။ လူ​မ​မွေး​သော​မီး​သည် သူ့​ကို​လောင်​လိမ့်​မည်။ သူ၏​နေ​ရာ၌ ကြွင်း​သ​မျှ​သော အ​ရာ​တို့​ကို လောင်​လိမ့်​မည်။

အ​ကယ်​စင်​စစ် ငါ​တို့​ရန်​သူ​သည် ပျက်​စီး​လေ​ပြီ။ သူ၏​စည်း​စိမ်​ကို မီး​လောင်​လေ​ပြီ​ဟု ဆို​ရ​ကြ၏။

ထို​အ​ပြစ်​သည် အ​ကုန်​အ​စင်​လောင်​သော​မီး၊ ငါ့​စည်း​စိမ်​ရှိ​သ​မျှ​ကို သုတ်​သင်​ပယ်​ရှင်း​သော​မီး​ဖြစ်၏။

ဘု​ရား​သ​ခင် မှုတ်​တော်​မူ​သ​ဖြင့်၊ ထို​သူ​တို့​သည်​ပျက်​စီး၍၊ ရှူ​တော်​မူ​သော အ​သက်​ဖြင့်​လည်း ဆုံး​ရှုံး​ရ​ကြ၏။

ထို​သူ​တို့​သည် နေ့​အ​ချိန်၌ မှောင်​မိုက်​ကို​တွေ့၍၊ ည​အ​ချိန်၌​ကဲ့​သို့ မွန်း​တည့်​အ​ချိန်၌ စမ်း​သပ်​လျက် သွား​လာ​ကြ၏။

ဆင်း​ရဲ​သား​တို့၏​အ​မှု​ကို တ​ရား​တော်​အ​တိုင်း စီ​ရင်၍၊ နှိမ့်​ချ​သော မြေ​ကြီး​သား​တို့​ဘက်၌ နေ​လျက်၊ ဖြောင့်​မတ်​စွာ ဆုံး​ဖြတ်​လိမ့်​မည်။ မြေ​ကြီး​ကို​နှုတ်​က​ပတ်​တော်​လှံ​တံ​နှင့် ဒဏ်​ခတ်၍၊ ဆိုး​သော​သူ​ကို နှုတ်​ခမ်း​ထွက်​သက်​နှင့် ကွပ်​မျက်​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ တော​ဖက်​အ​ရပ်​သည် ရှေး​ကာ​လ၌ စီ​ရင်​လျက်​ရှိ၏။ အ​ကယ်​စင်​စစ် ရှင်​ဘု​ရင်​အ​ဖို့ ပြင်​ဆင်​လျက်​ရှိ၏။ နက်​နဲ​ကျယ်​ဝန်း​စေ​ခြင်း​ငှာ ဖန်​ဆင်း​တော်​မူ​ပြီ။ မီး​ရှို့​ဖို့ ထင်း​ပုံ​ကြီး​လည်း ရှိ၏။ ထာ​ဝ​ရ​ဘု​ရား၏​ထွက်​သက်​တော်​သည် အ​ရည်​ကျို​သော ကန့်​ကဲ့​သို့၊ ထို​ထင်း​ပုံ​ကို မီး​ရှို့​ရ​လိမ့်​မည်။

ထို​ကြောင့် သူ​တို့​ကို ပ​ရော​ဖက်​များ​အား​ဖြင့် ငါ​သည် အ​ပိုင်း​ပိုင်း​ခုတ်​ဖြတ်​ရ​ပြီ။ ငါ့​နှုတ်​ထွက်​စ​ကား​အား​ဖြင့် သတ်​ရ​ပြီ။ ငါ့​စီ​ရင်​ချက်​တို့​သည်​လည်း ထွန်း​လင်း​သော အ​လင်း​ကဲ့​သို့ ဖြစ်​ကြ​ပြီ။

ထို​အ​ခါ မင်း​ကြီး​သည် အ​ခြံ​အ​ရံ​တို့​အား ထို​သူ၏​လက်​ခြေ​ကို တုပ်​နှောင်​လော့။ ငို​ကြွေး​ခြင်း အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ၊ ပြင်​အ​ရပ် မှောင်​မိုက်​ထဲ​သို့ ယူ​သွား​ချ​လိုက်​ကြ​ဟု အ​မိန့်​တော်​ရှိ၏။-

ထို​အ​ခါ လက်​ဝဲ​တော်​ဘက်၌​ရှိ​သော​သူ​တို့​အား မင်း​ကြီး​က၊ ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​တို့၊ မာရ်​နတ်​နှင့် သူ၏​တ​မန်​တို့​အ​ဖို့ ပြင်​ဆင်​သော ထာ​ဝ​ရ​မီး​ထဲ​သို့ ငါ့​ထံ​မှ ခွာ​သွား​ကြ​လော့။-

နိုင်​ငံ​တော်​သား​တို့​သည်​လည်း ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ၊ ပြင်​အ​ရပ်​မှောင်​မိုက်​ထဲ​သို့ နှင်​ချ​ခြင်း​ကို ခံ​ရ​ကြ​လ​တ္တံ့​ဟု နောက်​တော်​သို့ လိုက်​သော​သူ​တို့​အား မိန့်​တော်​မူ​ပြီး​မှ၊-

ထို​သူ​တို့​သည် ရေ​မ​ရှိ​သော ရေ​တွင်း​ကဲ့​သို့​လည်း​ကောင်း၊ လေ​တိုက်၍ လွင့်​သော​မိုး​တိမ်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။ သူ​တို့​အ​ဖို့ တစ်​ခဲ​နက်​သော ထာ​ဝ​ရ​မှောင်​မိုက်​ကို သို​ထား​လျက်​ရှိ၏။-

မိ​မိ​ရှက်​ခြင်း​အ​ကြောင်း​ကို ပွက်​စေ​တတ်​သော လှိုင်း​တံ​ပိုး​ရိုင်း​ကဲ့​သို့​လည်း​ကောင်း၊ ကြယ်​ပျံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။ ထို​ကြယ်​ပျံ​တို့​အ​ဖို့ တစ်​ခဲ​နက်​သော ထာ​ဝ​ရ​မှောင်​မိုက်​ကို သို​ထား​လျက်​ရှိ၏။

လူ​မျိုး​တို့​ကို ဒဏ်​ခတ်​စ​ရာ​ဖို့၊ ထက်​သော သန်​လျက်​သည် ခံ​တွင်း​တော်​ထဲ​က ထွက်၏။ သူ​တို့​ကို သံ​လှံ​တံ​နှင့် အုပ်​စိုး​တော်​မူ​မည်။ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော် မူ​သော ဘု​ရား​သ​ခင်၏ ဒေါ​သ​အ​မျက်​တော်၏ စ​ပျစ်​သီး​နယ်​ရာ တန်​ဆာ​ကို ဖိ​နင်း​တော်​မူ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ