မျက်စိတော်ကိုလွှဲ၍ လူသည်သူငှားကဲ့သို့ မိမိနေ့ရက်ကို လွန်စေသည်တိုင်အောင် ငြိမ်ဝပ်ရသောအခွင့်ကို ပေးတော်မူပါ။
အကျွန်ုပ်နေ့ရက်တို့သည် နည်းပါးသည် မဟုတ်လော။
သစ်ပင်ကိုခုတ်သော်လည်း၊ အငုတ်အချည်းစည်းမရှိဘဲ အတက်ပေါက်လေဦးမည်ဟု မျှော်လင့်စရာရှိ၏။
ငါသည် အားလျော့လျက်ရှိ၏။ အစဉ်မပြတ် အသက်မရှင်ရာ။ ငါ့ကို တတ်တိုင်းရှိစေတော်မူပါ။ ငါ့အသက်သည် အခိုးအငွေ့ဖြစ်၏။
အဘယ်ကာလမှ ငါ့ကိုမကြည့်မရှု၊ မျက်နှာလွှဲတော်မူမည်နည်း။ ငါသည် ကိုယ်တံတွေးကို မျိုရသည်တိုင်အောင်၊ အဘယ်ကာလမှ တတ်တိုင်း ရှိစေတော်မူမည်နည်း။
အကျွန်ုပ်သည် ရွေ့သွား၍မပျောက်မီတွင် သက်သာရမည်အကြောင်း၊ မျက်နှာလွှဲတော်မူပါ။
ယခုတစ်ဖန်မိန့်တော်မူသည်ကား၊ အခစားသောသူရေတွက်သည်အတိုင်း၊ သုံးနှစ်လွန်မှ၊ မောဘပြည်၏ ဘုန်းအသရေသည် မိမိအလုံးအရင်းနှင့်တကွ ရှုတ်ချခြင်းသို့ရောက်ရမည်။ ကျန်ကြွင်းသောသူတို့သည် အလွန်နည်း၍၊ ခွန်အားကုန်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။