Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 14:5

Judson Bible

လူ၏​နေ့​ရက်​တို့​ကို မှတ်​သား၍၊ သူ​နေ​ရ​သော လ​အ​ရေ​အ​တွက်​ကို ကိုယ်​တော်​သည်​သိ​သ​ဖြင့်၊ သူ​မ​လွန်​နိုင်​သော အ​ပိုင်း​အ​ခြား​ကို ထား​တော်​မူ​သော​ကြောင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

အ​သက်​ရှင်​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့၏ ဇီ​ဝ​အ​သက်​နှင့် လူ​သ​တ္တ​ဝါ​ခပ်​သိမ်း​တို့၏ ထွက်​သက်​ဝင်​သက်​သည် ဘု​ရား​သ​ခင့်​လက်​တော်၌ ရှိ၏။

လူ​သည် သေ​လျှင် အ​သက်​ရှင်​ပြန်​ပါ​လိမ့်​မည်​လော။ အ​ကျွန်ုပ် ပြောင်း​လဲ​ချိန် မ​ရောက်​မီ၊ ပင်​ပန်း​စွာ အ​မှု​ထမ်း​ရ​သော နေ့​ရက်​ကာ​လ​ပတ်​လုံး သည်း​ခံ​လျက် နေ​ပါ​မည်။

နှစ်​ပေါင်း​မ​ကြာ​မ​မြင့်​မီ တစ်​ဖန်​ပြန်၍ မ​လာ​ရ​သော​လမ်း​သို့ ငါ​လိုက်​သွား​ရ​တော့​မည်။

သူ​နေ​ရ​သော​နှစ်​လ​စေ့​သော​အ​ခါ၊ သူ့​သား​သ​မီး​တို့၌ ရောက်​သော​အ​မှု​နှင့် သူ​သည် အ​ဘယ်​သို့​ဆိုင်​သ​နည်း။

လူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ ပင်​ပန်း​စွာ​အ​မှု​ထမ်း​ရ​သည် မ​ဟုတ်​လော။ သူ​နေ​ရ​သော နေ့​ရက်​တို့​သည် အ​ငှား​ခံ​သော​သူ၏ နေ့​ရက်​ကဲ့​သို့ ဖြစ်​သည်​မ​ဟုတ်​လော။

မျက်​နှာ​တော်​ကို​လွှဲ​တော်​မူ​လျှင်၊ သူ​တို့​သည် ပင်​ပန်း​ကြ​ပါ၏။ သူ​တို့​အ​သက်​ကို ရုပ်​သိမ်း​တော်​မူ​လျှင်၊ သူ​တို့​သည်​သေ၍ မိ​မိ​တို့​မြေ​မှုန့်​ထဲ​သို့ ပြန်​သွား​ကြ​ပါ၏။

ရေ​တို့​သည် ပြန်​လာ၍ မြေ​ကြီး​ကို မ​လွှမ်း​မိုး​စေ​ခြင်း​ငှာ၊ မ​ကျော်​ရ​သော​နယ်​စပ်​ကို ပိုင်း​ခြား​တော်​မူ၏။

မ​စုံ​လင်​သေး​သော အ​ကျွန်ုပ်၏​အ​လုံး​အ​ထွေး​ကို​လည်း ကိုယ်​တော်​သည် ကြည့်​ရှု၍ မြင်​တော်​မူ​ပြီ။ ထို​အ​ရာ​တို့​ကို ပြု​ပြင်၍ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​မီ​ကာ​လ​တွင်၊ ကိုယ်​တော်၏​စာ​ရင်း၌ အ​ကုန်​အ​စင်​မှတ်​သား​လျက် ရှိ​ကြ​ပါ၏။

အ​ကျွန်ုပ်၌​ဖြစ်​လေ​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို ကိုယ်​တော်​စီ​ရင်​ပိုင်​တော်​မူ၏။ ရန်​သူ​တို့​နှင့် ညှဉ်း​ဆဲ​တတ်​သော သူ​တို့​လက်​မှ အ​ကျွန်ုပ်​ကို​ကယ်​နုတ်​တော်​မူ​ပါ။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​ပျက်​တတ်​သော သ​ဘော​ကို သိ​ရ​ပါ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်၏ လမ်း​ဆုံး​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်၏ အ​သက်​အ​ပိုင်း​အ​ခြား​ကို​လည်း​ကောင်း သိ​စေ​တော်​မူ​ပါ။

ဖွား​ချိန်​နှင့် သေ​ချိန်​လည်း​ရှိ၏။ စိုက်​ပျိုး​ရ​သော​အ​ချိန်​နှင့် စိုက်​ပျိုး​ရ​သော​အ​ရာ​ကို နုတ်​ရ​သော​အ​ချိန်​လည်း ရှိ၏။

နာမ်​ဝိ​ညာဉ်​ကို​အ​စိုး​ရ၍ ချုပ်​ထား​နိုင်​သော​လူ တစ်​ယောက်​မျှ​မ​ရှိ။ သေ​ချိန်​ရောက်​သော​အ​ခါ တန်​ခိုး​မ​ရှိ။ ထို​စစ်​မှု​ထဲ​က ထွက်​စ​ရာ​အ​ခွင့် မ​ရှိ။ ဒု​စ​ရိုက်​ကို​ပြု​သော်​လည်း၊ ဒု​စ​ရိုက်​သည် ထို​အ​မှု​ထဲ​က မ​ကယ်​မ​နုတ်​နိုင်။

ရှင်​ဘု​ရင်​တစ်​ပါး​သည် မိ​မိ​အ​လို​အ​လျောက်​ပြု၍၊ ဘု​ရား​အ​ပေါင်း​တို့​ထက် ကိုယ်​ကို​ကိုယ် ချီး​ပင့်​မြှောက်​စား​လျက်၊ ဘု​ရား​တို့၏​ဘု​ရား​ကို ဆန့်​ကျင်​ဘက်​ပြု၍ အံ့​ဖွယ်​သော​စ​ကား​ကို ပြော​လိမ့်​မည်။ ဒေါ​သ​အ​မျက် စေ့​စုံ​သည် ကာ​လ​တိုင်​အောင် ကောင်း​စား​လိမ့်​မည်။ စီ​ရင်​ဆုံး​ဖြတ်​သ​မျှ​အ​တိုင်း ဖြစ်​ရ​လိမ့်​မည်။

မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ အ​ဘယ်​မျှ​မ​ဟုတ်​သ​ကဲ့​သို့ ဖြစ်​ကြ၏။ ကောင်း​ကင်​ဗိုလ်​ခြေ​တို့၌​လည်း​ကောင်း၊ မြေ​ကြီး​သား​တို့၌​လည်း​ကောင်း အ​လို​တော်​ရှိ​သည်​အ​တိုင်း စီ​ရင်​ပြု​ပြင်​တော်​မူ၏။ လက်​တော်​ကို အ​ဘယ်​သူ​မျှ မ​ဆီး​တား​နိုင်။ အ​ဘယ်​သို့​ပြု​သ​နည်း​ဟု ကိုယ်​တော်​ကို ဆို​နိုင်​သော​သူ​မ​ရှိ။

မေ​နေ၏ အ​နက်​အ​ဓိ​ပ္ပာယ်​ကား၊ ကိုယ်​တော်၏​နိုင်​ငံ​ကို ဘု​ရား​သ​ခင် ရေ​တွက်၍ ဆုံး​စေ​တော်​မူ၏။

ထို​ည၌​ပင် ခါ​လ​ဒဲ​ရှင်​ဘု​ရင် ဗေ​လ​ရှာ​ဇာ​မင်း​သည် အ​သက်​ဆုံး၍၊

လွန်​ကျူး​ခြင်း​အ​မှု​ကို ဆီး​တား၍ အ​ပြစ်​ကို တံ​ဆိပ်​ခတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဒု​စ​ရိုက်​အ​ပြစ်​ကို ဖြေ​ရှင်း၍ ထာ​ဝ​ရ​ကု​သိုလ်​ကို သွင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း ဗျာ​ဒိတ်​ရူ​ပါ​ရုံ​နှင့် အ​နာ​ဂ​တ္တိ​ဗျာ​ဒိတ်​တော်​တို့​ကို တံ​ဆိပ်​ခတ်၍၊ အ​လွန်​သန့်​ရှင်း​သော အ​ရပ်​ဌာ​န​ကို လိမ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သီ​တင်း​ခု​နစ်​ဆယ်​ကို သင်၏ အ​မျိုး​သား​ချင်း​အ​ဖို့​နှင့် သင်၏ သန့်​ရှင်း​သော​မြို့​အ​ဖို့ ဆုံး​ဖြတ်​ခြင်း​ရှိ၏။

ထို​သို့ အ​ကြံ​ရှိ​စဉ်​တွင် ဘု​ရား​သ​ခင်​က၊ အ​ချင်း​လူ​မိုက်၊ ယ​နေ့​ည​ပင် သင်၏​ဝိ​ညာဉ်​ကို ရုပ်​သိမ်း​ရာ​အ​ချိန် ရောက်​လိမ့်​မည်။ သို့​ဖြစ်၍ သင်​သည် ပြင်​ဆင်​သို​ထား​သော ဥ​စ္စာ​ကို အ​ဘယ်​သူ​ပိုင်​မည်​နည်း​ဟု သူ​ဌေး​အား မိန့်​တော်​မူ၏။-

ဘု​ရား​သ​ခင်​သည် မြေ​တစ်​ပြင်​လုံး၌ နေ​ရ​သော လူ​အ​မျိုး​မျိုး​တို့​ကို တစ်​သွေး​တည်း​နှင့် ဖန်​ဆင်း​တော်​မူ၍၊ သူ​တို့​အား ခွဲ​ဝေ​စီ​မံ​သော​အ​ချိန် ကာ​လ​ကို​လည်း​ကောင်း၊ သူ​တို့၏ နေ​ရာ​အ​ပိုင်း​အ​ခြား​ကို​လည်း​ကောင်း မှတ်​သား​တော်​မူ၏။-

လူ​သည် တစ်​ခါ​တည်း​သေ၍ ထို​နောက်​မှ တ​ရား​စီ​ရင်​တော်​မူ​ခြင်း​ကို ခံ​ရ​သ​ကဲ့​သို့၊-

အ​သက်​ရှင်​သော​သူ​လည်း ဖြစ်၏။ ငါ​သည် အ​ရင်​သေ​သည် ဖြစ်၍၊ က​မ္ဘာ​အ​ဆက်​ဆက် အ​သက်​နှင့် ပြည့်​စုံ၏။ မ​ရ​ဏ​နှင့် မ​ရ​ဏ​နိုင်​ငံ​ကို​လည်း ငါ​အ​စိုး​ရ၏။-

ဖိ​လ​ဒေ​လ​ဖိ​မြို့၌​ရှိ​သော အ​သင်း​တော်၏​တ​မန်​ကို ဤ​သို့​ရေး၍ မှာ​လိုက်​လော့။ သန့်​ရှင်း​သော​သူ၊ ဟုတ်​မှန်​သော​သူ၊ ဒါ​ဝိဒ်​မင်း၏​တံ​ခါး​သော့​ကို ကိုင်​သော​သူ၊ အ​ဘယ်​သူ​မျှ မ​ပိတ်​နိုင်​အောင် ဖွင့်၍၊ အ​ဘယ်​သူ​မျှ မ​ဖွင့်​နိုင်​အောင် ပိတ်​သော​သူ၏ အ​မိန့်​တော်​ကား။-

တစ်​ဖန် ဒါ​ဝိဒ်​က၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ဒဏ်​ခတ်​တော်​မူ​မည်။ သို့​မ​ဟုတ် သူ​သေ​ချိန်​ရောက်​လိမ့်​မည်။ သို့​မ​ဟုတ် စစ်​တိုက်​ရာ၌ အ​သက်​ဆုံး​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ