သင်တို့ကို ကျပ်တည်းစွာ စစ်တော်မူလျှင်၊ သင်တို့၌ ကျေးဇူးရှိလိမ့်မည်လော။ လူကိုလှည့်စားသကဲ့သို့ ဘုရားသခင်ကို လှည့်စားနိုင်သလော။
တန်ခိုးတော်၊ ဉာဏ်တော်နှင့်ပြည့်စုံ၍၊ မှားသောသူနှင့် မှားစေသောသူတို့ကို ပိုင်တော်မူ၏။
လူမူကား သေ၍ ဆွေးမြေ့တတ်၏။ လူသည် အသက်ချုပ်ပြီးလျှင် အဘယ်မှာရှိသနည်း။
ကဲ့ရဲ့တတ်သော သူတို့သည် ငါ့ရှေ့မှာရှိကြသည် မဟုတ်လော။ သူတို့နှောင့်ယှက်သော အခြင်းအရာတို့ကို အစဉ်ငါကြည့်မြင်ရသည် မဟုတ်လော။
ယောဘသည် မတရားသောသူကဲ့သို့ ပြန်ပြောတတ်သောကြောင့်၊ အဆုံးတိုင်အောင် စုံစမ်းစေခြင်းငှာ ငါအလိုရှိ၏။
အိုဘုရားသခင်၊ အကျွန်ုပ်ကိုစစ်ကြော၍၊ အကျွန်ုပ်၏နှလုံးကို သိမှတ်တော်မူပါ။ စုံစမ်း၍ စိတ်အထင်များကိုလည်း သိမှတ်တော်မူပါ။
နှလုံး၌ဝှက်ထားသောအရာများကို ဘုရားသခင်သိတော်မူသည်ဖြစ်၍၊ ထိုအမှုကို မစစ်ဘဲနေတော်မူမည်လော။
ယခုမှာ သင်တို့သည် သာ၍ပြင်းစွာသော ဆုံးမခြင်းနှင့် လွတ်မည်အကြောင်း၊ နောက်တစ်ဖန် ဆဲရေးခြင်းကို မပြုကြနှင့်။ ပြည်တစ်ပြည်လုံး၌ အနှံ့အပြား စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်းရှိလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားထံတော်၌ ငါကြားရပြီ။
ငါထာဝရဘုရားသည် လူအသီးအသီးတို့အား မိမိတို့အကျင့်အတိုင်း၊ မိမိတို့ခံထိုက်သော အကျိုးအပြစ်ကိုပေးခြင်းငှာ၊ နှလုံးကျောက်ကပ်တို့ကို စေ့စေ့စစ်ကြောတတ်၏။