Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 13:8

Judson Bible

မျက်​နှာ​တော်​ကို​ထောက်​လျက်​သာ၊ ဘု​ရား​သ​ခင့်​တစ်​ဖက်၌​နေ၍ ငြင်း​ခုံ​စစ်​တိုက်​ချင်​သ​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည် လျှို့​ဝှက်၍ သူ့​မျက်​နှာ​ကို​ထောက်​လျှင်၊ စင်​စစ် သင်​တို့​ကို ဆုံး​မ​တော်​မူ​မည်။

အ​ဘယ်​သူ၏​မျက်​နှာ​ကို​မျှ မ​ထောက်၊ အ​ဘယ်​သူ​ကို​မျှ ချီး​မွမ်း​သော​စ​ကား​နှင့် မ​ချော့​မော့။

ထို​မျှ​မ​က၊ မင်း​တို့၏​မျက်​နှာ​ကို ထောက်​တော်​မ​မူ။ ဆင်း​ရဲ​သော​သူ​ကို အား​နာ​သည်​ထက်၊ ရ​တတ်​သော​သူ​ကို သာ၍ အား​နာ​တော်​မ​မူ​သော ဘု​ရား​သ​ခင်​ကို မ​ဆို​သင့်​သည် မ​ဟုတ်​လော။ ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​ကို ဖန်​ဆင်း​တော်​မူ​ပြီ။

ထို​မှ​တစ်​ပါး၊ ပ​ညာ​ရှိ​တို့​နှင့်​ဆိုင်​သော အ​ရာ​ဟူ​မူ​ကား၊ တ​ရား​တွေ့​မှု​စီ​ရင်​ရာ​တွင် လူ​မျက်​နှာ​ကို မ​ထောက်​ကောင်း။

တ​ရား​တွေ့​သည်​အ​မှု​မှာ မ​တ​ရား​သ​ဖြင့်​မ​စီ​ရင်​ရ။ ဆင်း​ရဲ​သော​သူ​ဘက်၌ မ​ငဲ့​ကွက်၊ ကြီး​သော​သူ၏ မျက်​နှာ​ကို​မ​ထောက်​ဘဲ၊ ကိုယ်​အ​မျိုး​သား​ချင်း​ကို တ​ရား​သ​ဖြင့်​စီ​ရင်​ရ​မည်။

သို့​ဖြစ်၍၊ သင်​တို့​သည် ငါ့​လမ်း​တို့​ကို မ​လိုက်၊ တ​ရား​အ​မှု​တွင် လူ​မျက်​နှာ​ကို​ထောက်​သော​ကြောင့်၊ လူ​ခပ်​သိမ်း​တို့​သည် သင်​တို့​ကို မ​ထီ​မဲ့​မြင်​ပြု၍ ရှုတ်​ချ​စေ​ခြင်း​ငှာ ငါ​စီ​ရင်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ