သင်တို့သည် စကားတစ်ခွန်းကိုမျှ မပြောဘဲ တိတ်ဆိတ်စွာနေကြပါစေ။ ထိုသို့နေလျှင် စင်စစ်ပညာရှိကဲ့သို့ ဖြစ်ကြလိမ့်မည်။
သင်ပြောသော မုသားစကားကြောင့် သူတစ်ပါးတို့သည် တိတ်ဆိတ်စွာနေရမည်လော။ သင်ကဲ့ရဲ့သောအခါ အဘယ်သူသည် အရှက်မကွဲဘဲနေရမည်နည်း။
တိတ်ဆိတ်စွာနေ၍ ငါပြောပါရစေ။ သို့ပြီးမှ အမှုရောက်ချင်တိုင်း ရောက်ပါလေစေ။
ငါပြောမည် အကျိုးအကြောင်းစကားကို နားထောင်ကြပါလော့။ ငါ့နှုတ်နှင့် ဆွေးနွေးနှီးနှောမည့် စကားကို နှလုံးသွင်းကြပါလော့။
အချည်းနှီးသောစကား မကုန်နိုင်သလော။ သင်သည် စကားတုံ့ပြန်ပြောခြင်းငှာ အဘယ်ကြောင့် ရဲရင့်သနည်း။
ဤစကားသည် အဘယ်အခါမှ ပြတ်လိမ့်မည်နည်း။ သတိပြုကြ။ သို့မှသာငါတို့သည် စကားပြောကြမည်။
ငါ့ကိုကြည့်ရှုလျက် မိန်းမောတွေဝေ၍၊ သင်တို့ပါးစပ်ကို သင်တို့လက်နှင့် ဖုံးအုပ်ကြလော။
ထိုသို့ယောဘသည် မိမိဖြောင့်မတ်သည်ဟု ထင်သောကြောင့်၊ ထိုသူသုံးယောက်တို့သည် ပြန်၍ မပြောဘဲနေကြ၏။
ငါဆိုင်းလင့်သည်တွင် သူတို့သည် နှုတ်မမြွက်၊ ပြန်၍မပြောဘဲ ငြိမ်ငြိမ်နေကြ၏။
မိုက်သောသူပင် တိတ်ဆိတ်စွာနေလျှင် ပညာရှိဟူ၍လည်းကောင်း၊ မိမိနှုတ်ကို မဖွင့်ဘဲနေသောသူကိုလည်း၊ ဉာဏ်ကောင်းသောသူ ဟူ၍လည်းကောင်း သူတစ်ပါးထင်တတ်၏။
အမှုများသောအားဖြင့် အိပ်မက်မြင်တတ်သကဲ့သို့၊ စကားများသောအားဖြင့် မိုက်သောသူ၏အသံကို ကြားရ၏။
ထိုသို့သောကာလသည် ဆိုးယုတ်သောကာလ ဖြစ်သောကြောင့်၊ ပညာရှိသောသူသည် တိတ်ဆိတ်စွာ နေလိမ့်မည်။
သို့ဖြစ်၍၊ ငါချစ်သော ညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှာ လျင်မြန်ကြစေ။ စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်း နှေးကြစေ။-