သင်တို့သည် တစ်ယောက်မျှမကြွင်း၊ မုသားကို ပြုပြင်သောသူ၊ အသုံးမရသောဆေးသမား ဖြစ်ကြ၏။
ငါကလည်း၊ သင်ပြောသော စကားတစ်ခွန်းမျှမမှန်၊ ကိုယ်စိတ်ထဲမှာ အချည်းနှီး ထင်တတ်သည်ချည်းဟု စေလွှတ်၍ ပြန်ပြော၏။
ထိုသို့သောစကားများတို့ကို ငါကြားဖူးပြီ။ သင်တို့ရှိသမျှသည် နှစ်သိမ့်စေခြင်းငှာ ပြုသော်လည်း၊ ပင်ပန်းစေသောသူ ဖြစ်ကြပါသည်တကား။
သင်တို့သည် ကိုယ်တိုင်သိမြင်လျက်၊ ဤမျှလောက် အချည်းနှီးသောစိတ်ကို အဘယ်ကြောင့် ပြုစုကြသနည်း။
ငါ့ညီအစ်ကိုတို့သည် ချောင်းရေကဲ့သို့ လှည့်စား၍၊ ချိုင့်၌စီးသောရေကဲ့သို့ ရွေ့သွားကွယ်ပျောက် တတ်ကြ၏။
မျှော်လင့်၍ စိတ်ပျက်ကြ၏။ ထိုအရပ်သို့ ရောက်သောအခါ ရှက်ကြောက်လျက် နေကြ၏။
ထိုအတူ သင်တို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ ငါနှိမ့်ချခြင်းကိုမြင်လျှင် ဆုတ်၍နေကြ၏။
မာနကြီးသောသူတို့သည် အကျွန်ုပ်တစ်ဖက်၌ မုသားစကားကို ကြံစည်သော်လည်း၊ ကိုယ်တော်၏ ဥပဒေသများကို စိတ်နှလုံးအကြွင်းမဲ့ကျင့်ပါ၏။
ကိုယ်နှင့်စပ်ဆိုင်သောသူတစ်ဖက်၌ မမှန်သောသက်သေကို မခံနှင့်။
မှားသောအိပ်မက်ကို ဟောပြော၍၊ မုသားစကားနှင့် အချည်းနှီးစကားအားဖြင့် ငါ၏လူမျိုးကို မှားယွင်းစေသောပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်။ သူတို့ကို ငါမစေလွှတ်၊ မမှာထားသောကြောင့်၊ ဤလူမျိုးသည် ကျေးဇူးမရှိဟု ထာဝရဘုရား မိန့်တော်မူ၏။
သင့်အနာကိုစည်းအံ့သောငှာ အဘယ်သူမျှ သင့်အမှုကိုမစောင့်။ အနာပျောက်စေနိုင်သော ဆေးကို အဘယ်သူမျှမကု။
အို အဲဂုတ္တုသတို့သမီးကညာ၊ ဂိလဒ်ပြည်သို့သွား၍ ဗာလစံစေးကိုယူလော့။ သင်သည် များစွာသောဆေးကို အချည်းနှီးသုံးတတ်၏။ သင်၏အနာမပျောက်နိုင်ရာ။
ချမ်းသာမရှိသောအခါ ချမ်းသာ၊ ချမ်းသာဟု ပြောဆိုလျက်၊ ငါ၏လူမျိုးသတို့သမီးအနာကို ပေါ့လျော့စွာ ကုကြ၏။
ဂိလဒ်ပြည်၌ ဗာလဇံပင်အစေးမရှိသလော။ ထိုပြည်၌ ဆေးသမားမရှိသလော။ ရှိလျက်ပင် ငါ၏လူမျိုးသတို့သမီးသည် အဘယ်ကြောင့် အနာမှ မထမြောက်သနည်း။
အားနည်းသောသိုးကို မ မစကြ၊ နာသောသိုးတို့ကို ဆေးမကုကြ၊ အရိုးကျိုးသောသိုးကို အဝတ်နှင့်မစည်းကြ၊ သူတစ်ပါးနှင်သော သိုးကို လိုက်၍မဆောင်ခဲ့ကြ၊ ပျောက်သောသိုးကို မရှာကြ၊ အနိုင်အထက်ပြု၍ ကြမ်းတမ်းစွာ စီရင်ကြပြီ။
ဧဖရိမ်သည် မိမိအပေါက်တို့ကိုလည်းကောင်း၊ ယုဒသည် မိမိအနာကိုလည်းကောင်း မြင်သောအခါ၊ ဧဖရိမ်သည် အာရှုရိမင်းထံသို့ သွား၍၊ ယုဒသည် ရှင်ဘုရင်ယာရက်ထံသို့ စေလွှတ်သော်လည်း၊ ထိုမင်းတို့သည် သင်တို့အပေါက်ကို မဖာနိုင်၊ အနာကိုလည်း မပျောက်စေနိုင်ကြ။
ယေရှုသည် ကြားတော်မူလျှင်၊ ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှာ ငါလာသည်မဟုတ်၊ ဆိုးသောသူတို့ကို ခေါ်ခြင်းငှာ ငါလာသတည်းဟု မိန့်တော်မူ၏။
များစွာသော ဆေးသမားတို့လက်၌ အလွန်ခံရ၍၊ ဥစ္စာရှိသမျှ ကုန်သော်လည်း သက်သာမရသည်သာမက၊ အနာတိုးသော မိန်းမတစ်ယောက်သည်၊-