အကျွန်ုပ်ကို ထိတ်ခတ်လျက်၊ အကျွန်ုပ်ထွက်ရာလမ်း ရှိသမျှကို စောင့်လျက်နေ၍၊ အကျွန်ုပ်ပတ်လည်၌ စည်းလုပ်တော်မူ၏။
အကျွန်ုပ်ပြုသော ဒုစရိုက်ကိုစစ်၍ အပြစ်ကိုတွေ့ခြင်းငှာ အဘယ်ကြောင့် ရှာတော်မူသနည်း။
ယခုမှာ အကျွန်ုပ်ခြေရာတို့ကို ကိုယ်တော်သည်ရေတွက်၍၊ အကျွန်ုပ်အပြစ်တို့ကို စောင့်တော်မူ၏။
အမျက်တော်သည် ငါ့ကိုအပိုင်းပိုင်းဆွဲဖြတ်၍ ညှဉ်းဆဲတတ်၏။ ငါ့အပေါ်မှာ အံသွားခဲကြိတ်ခြင်းကို ပြုတော်မူ၏။ ငါ့ရန်သူသည် ငါ့ကို မျက်စောင်းထိုး၏။
စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွား၍ ယောဘ၏ ခြေဖဝါးမှသည် ဦးထိပ်တိုင်အောင် ဆိုးသောအနာစိမ်းများ တိုးပေါက်စေ၏။
မိမိသွားသောလမ်း ကွယ်ပျောက်သောသူ၊ ဘုရားသခင် ဆီးကာချုပ်ထားသောသူအား အလင်းနှင့်အသက်ကို အဘယ်ကြောင့် ပေးသနည်း။
ငါ့ကို ထိတ်ခတ်တော်မူ၏။ ငါထွက်ရာလမ်းရှိသမျှတို့ကို စောင့်တော်မူ၏ဟု ဆိုမိပြီ။
နွားသည် အသေခံရာသို့လိုက်သကဲ့သို့လည်းကောင်း၊ သမင်ဒရယ်သည် မိမိအသည်း၌ မြားမထိုးမီတိုင်အောင်၊ ဖမ်းမိရာထဲသို့ ဝင်သကဲ့သို့လည်းကောင်း၊
ပရောဖက် ယေရမိကိုရိုက်ပုတ်၍၊ ဗိမာန်တော်နားမှာ ဗင်္ယာမိန် အထက်တံခါးဝတွင် ထိတ်ခတ်၍ထား၏။
ထိုသို့မှာလိုက်သည်အတိုင်း ထောင်မှူးသည် အတွင်းထောင်ထဲမှာ လှောင်၍ ထိတ်ခတ်လျက်ထား၏။