Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 13:28

Judson Bible

ထို​သို့​ခံ​ရ​သော​သူ​သည် ဆွေး​မြေ့​သော အ​ရာ​ကဲ့​သို့​လည်း​ကောင်း၊ ပိုး​ရွ​ကိုက်​စား​သော အ​ဝတ်​ကဲ့​သို့​လည်း​ကောင်း အား​လျော့​ပျက်​ရ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ပုပ်​စပ်​ခြင်း​အား၊ သင်​သည် ငါ့​အ​ဘ​ဖြစ်၏ ဟူ၍​လည်း​ကောင်း၊ တီ​ကောင်​အား သင်​သည်​ငါ့​အ​မိ၊ ငါ့​နှ​မ​ဖြစ်​သည်​ဟူ၍​လည်း​ကောင်း ငါ​ဆို​ရ၏။

စာ​တန်​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ထွက်​သွား၍ ယော​ဘ၏ ခြေ​ဖ​ဝါး​မှ​သည် ဦး​ထိပ်​တိုင်​အောင် ဆိုး​သော​အ​နာ​စိမ်း​များ တိုး​ပေါက်​စေ၏။

သို့​ဖြစ်​လျှင် မြေ​မှုန့်၌​တည်၍ မြေ​ထဲ​တွင်​နေ​တတ်​သော သူ​တို့​ကို အ​ဘယ်​ဆို​ဖွယ်​ရှိ​အံ့​နည်း။ ထို​သူ​တို့​ကို ပိုး​ရွ​ပင်​နိုင်​တတ်၏။

လောက်​နှင့်​ရွှံ့​တို့​သည် အ​ဝတ်​ကဲ့​သို့ ငါ့​ကိုယ်​ကို ဖုံး​လွှမ်း​ကြ၏။ ငါ့​အ​ရေ​သည် ကွဲ၍ ယိ​လျက်​ရှိ၏။

ကိုယ်​တော်​သည် လူ​တို့​အ​ပြစ်​ကြောင့် ဆုံး​မ၍ ဒဏ်​ခတ်​တော်​မူ​လျှင်၊ ပိုး​ရွ​ဖျက်​တတ်​သ​ကဲ့​သို့၊ လူ​တို့၏ တင့်​တယ်​ခြင်း​အ​သ​ရေ​ကို ပြယ်​ပျောက်​စေ​တော်​မူ၏။ အ​ကယ်​စင်​စစ် လူ​ခပ်​သိမ်း​တို့​သည် အ​န​တ္တ​သက်​သက် ဖြစ်​ကြ​ပါ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ဆု​တောင်း​ခြင်း​ပ​တ္ထ​နာ​ကို ကြား​တော်​မူ​ပါ။ အ​ကျွန်ုပ် အော်​ဟစ်​သော​အ​သံ​ကို နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​မျက်​ရည်​ကို ကြည့်၍ နေ​တော်​မ​မူ​ပါ​နှင့်။ ဘိုး​ဘေး​အ​ပေါင်း​တို့​သည် ဖြစ်​ဖူး​သ​ကဲ့​သို့၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌ ဧည့်​သည်​အာ​ဂ​န္တု​ဖြစ်၏။

ကြည့်​ရှု​လော့။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို စောင့်​မ​တော်​မူ​မည်။ အ​ဘယ်​သူ​သည် ငါ့​ကို တ​ရား​ရှုံး​စေ​မည်​နည်း။ ထို​သို့​သော သူ​အ​ပေါင်း​တို့​သည် အ​ဝတ်​ကဲ့​သို့ ဟောင်း​နွမ်း​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ ပိုး​ကိုက်​စား​ခြင်း​ကို​လည်း ခံ​ရ​ကြ​လိမ့်​မည်။

ထို​ကြောင့်၊ ငါ​သည် ဧ​ဖ​ရိမ်၌ ကိုက်​တတ်​သော ပိုး​ကောင်၊ ယု​ဒ​အ​မျိုး၌ စား​တတ်​သော​အ​နာ​ကဲ့​သို့ ဖြစ်​မည်။

ဖွား​စ​က​ပင် ကိုယ်​အ​သား​တစ်​ဝက်​ပျက်​သော အ​သေ​ကောင်​ကဲ့​သို့ သူ​သည် မ​ဖြစ်​ပါ​စေ​နှင့်​ဟု တောင်း​ပန်​လျှင်၊

သင်​တို့​ဥ​စ္စာ​ပ​စ္စည်း​သည် ပုပ်​စပ်​လျက်​ရှိ၏။ အ​ဝတ်​ကို​လည်း ပိုး​ကိုက်​စား​လေ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ