ရှင်ဘုရင်တို့ကို အရာမှချ၍ ခါးကြိုးနှင့် ချည်တော်မူ၏။
မင်းသားတို့ကို အရှက်ခွဲ၍၊ အားကြီးသောသူတို့ကို ရှုတ်ချတော်မူ၏။
မြို့ပျက်တို့ကို ပြင်ဆင်ပြုစုသော လောကီရှင်ဘုရင်၊
ဘုရားသခင်သည် ငါ့ကိုလေးနှင့်ပစ်၍ ညှဉ်းဆဲတော်မူသောကြောင့်၊ သူတို့သည် ငါ့ရှေ့မှာဇက်ကြိုးကို လွှတ်တတ်ကြ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်မှန်ပါ၏။ ကိုယ်တော်၏ကျွန်မတွင် မြင်သောသားလည်း မှန်ပါ၏။ အကျွန်ုပ်၌ အချည်အနှောင်ကို လွှတ်တော်မူပြီ။
သူတို့တွင် မောသောသူမရှိ။ ထိမိ၍ လဲသောသူ မရှိ။ ငိုက်မျဉ်းသောသူ၊ အိပ်ပျော်သောသူလည်းမရှိ။ သူတို့ခါးစည်း မပြေ။ ခြေနင်းကြိုးလည်းမကျွတ်။
ကာလအချိန် ဥတုများကို ပြောင်းလဲစေတော်မူ၏။ ရှင်ဘုရင်တို့ကိုလည်း နှိမ့်ချချီးမြှောက်တော်မူ၏။ ပညာရှိတို့အားပညာကို ပေးတော်မူ၏။ ဉာဏ်ရှိသောသူတို့သည် ကျေးဇူးတော်အားဖြင့်သာ၊ ထိုးထွင်း၍ နားလည်တတ်ကြ၏။
ယောဟန်သည် ကုလားအုတ်အမွေးနှင့်ရက်သော အဝတ်ကိုဝတ်လျက်၊ ခါး၌သားရေခါးပန်းကို စည်းလျက်၊ ကျိုင်းကောင်နှင့် တော၌ဖြစ်သော ပျားရည်ကို စားလျက်နေ၏။
ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်ဟု ဘွဲ့နာမတော်သည် အဝတ်တော်၌လည်းကောင်း၊ ပေါင်တော်၌လည်းကောင်း ရေးထားလျက်ရှိ၏။