Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 12:17

Judson Bible

တိုင်​ပင်​မှူး​မတ်​တို့​ကို ဖမ်း​ဆီး​သိမ်း​သွား​တော်​မူ၏။ တ​ရား​သူ​ကြီး​တို့​ကို ရူး​သွပ်​စေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

အ​ဗ​ရှ​လုံ​နှင့် ဝိုင်း၍​ပုန်​ကန်​သော လူ​စု​ထဲ​မှာ၊ အ​ဟိ​သော​ဖေ​လ​လည်း​ပါ​ကြောင်း​ကို ဒါ​ဝိဒ်​သည်​ကြား​လျှင်၊ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ဟိ​သော​ဖေ​လ​ပေး​သော​အ​ကြံ​ကို မိုက်​သော​အ​ကြံ​ဖြစ်​စေ​တော်​မူ​ပါ​ဟု ဆု​တောင်း​လေ၏။

အ​ဗ​ရှ​လုံ​နှင့် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​က၊ အာ​ခိ​လူ​ဟု​ရှဲ​ပေး​သော အ​ကြံ​သည် အ​ဟိ​သော​ဖေ​လ​ပေး​သော အ​ကြံ​ထက် သာ၍​ကောင်း​သည်​ဟု ပြော​ဆို​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဗ​ရှ​လုံ၌ ဘေး​ရောက်​စေ​ခြင်း​ငှာ၊ အ​ဟိ​သော​ဖေ​လ​ပေး​သော အ​ကြံ​ကောင်း​ကို ဖျက်​စေ​မည်​အ​ကြောင်း စီ​ရင်​တော်​မူ၏။

အ​ဟိ​သော​ဖေ​လ​သည် မိ​မိ​ပေး​သော​အ​ကြံ​သို့ မ​လိုက်​ကြ​သည်​အ​ကြောင်း​ကို သိ​မြင်​သော​အ​ခါ၊ မြည်း​ကို ကုန်း​နှီး​တင်​စေ​ပြီး​လျှင် ထ၍ မိ​မိ​နေ​ရင်း​မြို့ မိ​မိ​အိမ်​သို့​သွား​သ​ဖြင့် အိမ်​မှု​အိမ်​ရေး​များ​ကို စီ​ရင်​ပြီး​မှ လည်​ကြိုး​တပ်၍ သေ​လေ၏။ ဘိုး​ဘေး​တို့​သင်္ချိုင်း၌ သင်္ဂြိုဟ်​ကြ၏။

ငါ့​ဂုဏ်​အ​သ​ရေ​ကို​ချွတ်၍၊ ငါ့​ခေါင်း​က ပေါင်း​သ​ရ​ဖူ​ကို​ချ​တော်​မူ​ပြီ။

မြို့​ပျက်​တို့​ကို ပြင်​ဆင်​ပြု​စု​သော လော​ကီ​ရှင်​ဘု​ရင်၊

မြေ​ကြီး​ကို လူ​ဆိုး​လက်၌​အပ်၍၊ တ​ရား​သူ​ကြီး​တို့၏ မျက်​နှာ​ကို ဖျက်​တော်​မူ၏။ သို့​မ​ဟုတ် ထို​အ​မှု​ကို စီ​ရင်​သော​သူ​ကား အ​ဘယ်​သူ​နည်း။

ထို​ကြောင့်၊ အံ့​ဩ​ကြောက်​မက်​ဖွယ်​သော အ​မှု​ကို ဤ​လူ​မျိုး​တွင် တစ်​ဖန် ငါ​ပြု​ဦး​မည်။ သူ​တို့​တွင် ပ​ညာ​ရှိ​တို့၏​ပ​ညာ​သည် ပျက်​စီး​လိမ့်​မည်။ ဉာဏ်​ကောင်း​သော​သူ​တို့၏ ဉာဏ်​လည်း ကွယ်​ပျောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အ​ကျွန်ုပ်​တို့​တစ်​ဖက်၊ အ​ကျွန်ုပ်​တို့​ကို​အုပ်​သော တ​ရား​သူ​ကြီး​တို့ တစ်​ဖက်၌ မိန့်​တော်​မူ​သော စ​ကား​တော်​ကို တည်​စေ၍၊ အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ကြီး​စွာ​သော​ဘေး​ဥ​ပဒ်​ကို ရောက်​စေ​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ ယေ​ရု​ရှ​လင်​မြို့၌ ဘေး​ရောက်​သ​ကဲ့​သို့ ကောင်း​ကင်​အောက်​တွင် အ​ဘယ်​အ​ရပ်၌​မျှ မ​ရောက်​စ​ဖူး​ပါ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ