Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 11:16

Judson Bible

ခံ​ပြီး​သော​ဒု​က္ခ​ဆင်း​ရဲ​ကို မေ့​လျော့​လိမ့်​မည်။ လွန်​သွား​ပြီး​သော ရေ​ကို​ကဲ့​သို့ အောက်​မေ့​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သား​ဦး​ကို​ကား မ​နာ​ရှေ​အ​မည်​ဖြင့်​မှည့်​လေ၏။ အ​ကြောင်း​မူ​ကား၊ ငါ​ခံ​ရ​သ​မျှ​သော​ပင်​ပန်း​ခြင်း​နှင့် ငါ့​အ​ဘ၏​အိမ်​သား​အ​ပေါင်း​တို့​ကို ငါ​မေ့​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​ပြု​တော်​မူ​ပြီ​ဟု ဆို​သ​တည်း။

သင်​တို့​နှင့် ငါ​ပြု​သော​ပ​ဋိ​ညာဉ်​ဟူ​မူ​ကား၊ ရေ​လွှမ်း​မိုး​ခြင်း​အား​ဖြင့်၊ ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​သည် နောက်​တစ်​ဖန်​မ​ဆုံး​ရ​ကြ။ မြေ​ကြီး​ကို ဖျက်​ဆီး​ဖို့​ရာ နောက်​တစ်​ဖန် ရေ​လွှမ်း​မိုး​ခြင်း​မ​ရှိ​ရ။

မ​မြင်​နိုင်​သော​မှောင်​မိုက်​သည် ညှဉ်း​ဆဲ၍၊ ပြင်း​စွာ​စီး​သော​ရေ​သည် လွှမ်း​မိုး​ရ၏။

ငါ့​ညီ​အစ်​ကို​တို့​သည် ချောင်း​ရေ​ကဲ့​သို့ လှည့်​စား၍၊ ချိုင့်၌​စီး​သော​ရေ​ကဲ့​သို့ ရွေ့​သွား​ကွယ်​ပျောက် တတ်​ကြ၏။

ထို​သူ​တို့​သည်​သောက်၍ မိ​မိ​ဒု​က္ခ​ဆင်း​ရဲ​ကို မ​အောက်​မေ့​ဘဲ မေ့​လျော့​ပါ​စေ။

လွန်​သော​နေ့​ရက်​ကာ​လ​ကို များ​စွာ​မ​အောက်​မေ့​ရ။ စိတ်​နှ​လုံး​ရွှင်​လန်း​သော​အ​ခွင့်​ကို ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ၏။

မ​စိုး​ရိမ်​နှင့်။ ရှက်​ကြောက်​ခြင်း​သို့ မ​ရောက်​ရ။ မျက်​နှာ မ​ပျက်​နှင့်။ အ​ရှက်​ကွဲ​ခြင်း​ကို မ​ခံ​ရ။ အ​သက်​ငယ်​စဉ်​အ​ခါ ခံ​ရ​သော ရှက်​ကြောက်​ခြင်း​ကို မေ့​လျော့​လိမ့်​မည်။ မု​ဆိုး​မ​ဖြစ်၍ ခံ​ရ​သော​ကဲ့​ရဲ့​ခြင်း​ကို နောက်​တစ်​ဖန် မ​အောက်​မေ့​ရ။

နော​ဧ​လက်​ထက်၌ လွှမ်း​မိုး​သော​ရေ​ကို ငါ​သည်​မှတ်၍၊ ထို​ရေ​သည် မြေ​ကြီး​ကို နောက်​တစ်​ဖန် မ​လွှမ်း​မိုး​ရ​ဟု ကျိန်​ဆို​ခြင်း​ကို ပြု​သည်​နည်း​တူ၊ သင့်​ကို အ​မျက်​မ​ထွက်၊ မ​ဆုံး​မ​ဟု ကျိန်​ဆို​ခြင်း​ကို ပြု​ပြီ။

မြေ​ကြီး​ပေါ်​မှာ မိ​မိ​ကို​မိ​မိ ကောင်း​ချီး​ပေး​သော​သူ​သည်၊ သ​စ္စာ​စောင့်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍ ကောင်း​ချီး​ပေး​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ ကျိန်​ဆို​သော​သူ​သည်၊ သ​စ္စာ​စောင့်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို တိုင်​တည်၍ ကျိန်​ဆို​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​ရင်​အ​မှု​တို့​ကို မေ့​လျော့​ရ၏။ ငါ့​မျက်​မှောက်၌ ကွယ်​ပျောက်​လျက်​ရှိ​ကြ၏။

မိန်း​မ​သည်​သား​ကို ဖွား​စဉ်​အ​ခါ ဖွား​ရ​သော​အ​ချိန်​စေ့​သော​ကြောင့် ဝမ်း​နည်း​ခြင်း​ရှိ၏။ ဖွား​မြင်​ပြီး​မှ ဤ​လော​က၌ လူ​တစ်​ယောက်​ကို​ဖွား​မြင်​သော​ကြောင့် ဝမ်း​မြောက်​ခြင်း​ရှိ၍၊ အ​ထက်​ခံ​ရ​သော​ဝေ​ဒ​နာ​ကို မေ့​လျော့​တတ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ