Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 11:15

Judson Bible

အ​ညစ်​အ​ကြေး​နှင့်​ကင်း​လွတ်​သော မျက်​နှာ​ကို ပြ​ရ​လိမ့်​မည်။ စိုး​ရိမ်​စ​ရာ​အ​ကြောင်း​မ​ရှိ၊ တည်​ကြည်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​ကောင်း​မွန်​စွာ​ပြု​လျှင် အ​ခွင့်​မ​ရ​လော။ ကောင်း​မွန်​စွာ​မ​ပြု​လျှင်၊ အ​ပြစ်​ဖြေ​သော​ယဇ်​ကောင်​သည် တံ​ခါး​နား​မှာ​ဝပ်​လျက်​ရှိ၏။ သူ​သည်​သင်၏​အ​လို​သို့​လိုက်၍၊ သင်​သည်​သူ့​ကို​အုပ်​စိုး​ရ၏​ဟု ကာ​ဣ​န​ကို​မိန့်​တော်​မူ၏။

အ​ကျွန်ုပ်​သည် ဆိုး​ညစ်​လျှင် အ​မင်္ဂ​လာ​ရှိ​ပါ၏။ ဖြောင့်​မတ်​သော်​လည်း ကိုယ်​မျက်​နှာ​ကို​မ​ပြ​ရ။ ကိုယ်​ခံ​ရ​သော ဒု​က္ခ​ဆင်း​ရဲ​ကို​ဆင်​ခြင်၍ မိန်း​မော​တွေ​ဝေ​လျက် နေ​ရ​ပါ၏။

သင်​သည် အ​န​န္တ​တန်​ခိုး​ရှင်၌ မွေ့​လျော်၍၊ ဘု​ရား​သ​ခင်​ကို ဖူး​မြော်​ရ​သော​အ​ခွင့်​ရှိ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​လင်း၊ ငါ့​ကို ကယ်​တင်​သော​အ​ရှင်​ဖြစ်​တော်​မူ၏။ ငါ​သည် အ​ဘယ်​သူ​ကို ကြောက်​ရ​အံ့​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​သက်​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။ ငါ​သည် အ​ဘယ်​သူ​ကို​မျှ ကြောက်​လန့်​ရ​အံ့​နည်း။

ငါ့​တစ်​ဖက်၌ တပ်​ချ​ကြ​သော်​လည်း၊ ငါ့​နှ​လုံး​မ​ကြောက်​တတ်။ စစ်​ချီ၍​လာ​ကြ​သော်​လည်း၊ ထို​အ​မှု​တွင်​ပင် တည်​ကြည်​သော စိတ်​ရှိ​လိမ့်​မည်။

ဘု​ရား​သ​ခင်​သည် ငါ​တို့​ခို​လှုံ​ရာ​ဖြစ်၍၊ ခွန်​အား​ကို​ပေး​တော်​မူ၏။ ဘေး​ရောက်​သည်​ကာ​လ အ​ထူး​သ​ဖြင့် ကူ​မ​တော်​မူ​ကြောင်း ထင်​ရှား​လျက်​ရှိ၏။

ထို​ကြောင့် ပ​ထ​ဝီ​မြေ​ကြီး​သည်​ရွေ့​သွား၍ တောင်​များ​တုန်​လှုပ်​လျက် သ​မု​ဒ္ဒ​ရာ​သို့​ကျ​သော်​လည်း၊ ငါ​တို့​သည် ကြောက်​လန့်​ခြင်း​မ​ရှိ။

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​သည် အား​ကြီး​သော ကိုး​စား​ရာ​အ​ခွင့်​ကို ဖြစ်​စေ​တတ်၏။ သား​တော်​တို့​သည်​လည်း၊ ခို​လှုံ​ရာ​အ​ရပ်​ကို ရ​ကြ​လိမ့်​မည်။

လိုက်​သော​သူ​မ​ရှိ​သော်​လည်း၊ မ​တ​ရား​သော​သူ​သည် ပြေး​တတ်၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ ခြင်္သေ့​ကဲ့​သို့ ရဲ​ရင့်​တတ်၏။

ငါ​တို့​ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း အ​ကြောင်း​ဟူ​မူ​ကား၊ လော​ကီ​ပ​ညာ​ကို အ​မှီ​မ​ပြု၊ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို အ​မှီ​ပြု၍ လျစ်​လျူ​သော​စိတ်​နှင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင် အ​လို​တော်​ရှိ​သော ကြည်​ဖြူ​ခြင်း​နှင့်​လည်း​ကောင်း၊ ငါ​တို့​သည် ဤ​လော​က၌ ကျင့်​ကြံ​ပြု​မူ၍ သင်​တို့​ဆီ​မှာ​လည်း ထို​သို့​အ​ထူး​သ​ဖြင့် ကျင့်​ကြံ​ပြု​မူ​သည်​ဟု ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​သည် သက်​သေ​ခံ​သ​တည်း။-

သို့​ဖြစ်၍၊ အ​ရပ်​ရပ်​တို့၌ ယောက်ျား​တို့​သည် အ​မျက်​ထွက်​ခြင်း၊ ငြင်း​ခုံ​ခြင်း​မ​ရှိ​ဘဲ၊ သန့်​ရှင်း​သော​လက်​ကို​ချီ၍ ဆု​တောင်း​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။-

ချစ်​သား​တို့၊ သား​တော်​သည်​ထင်​ရှား ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ၊ ငါ​တို့​သည် အ​ထံ​တော်​သို့ ရောက်​လျှင်၊ ရဲ​ရင့်​ရ​သော​အ​ခွင့် ရှိ၍၊ ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း သား​တော်၌ တည်​နေ​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ