Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 1:14

Judson Bible

ယော​ဘ​ထံ​သို့ တစ်​မန်​တစ်​ယောက်​လာ၍၊ နွား​တို့​သည် လယ်​ထွန်​လျက်၊ သူ​တို့​အ​နား​မှာ မြည်း​မ​တို့​သည် ကျက်​စား​လျက်​ရှိ​ကြ​သော​အ​ခါ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

သ​တင်း​ပြော​သော​သူ​တစ်​ယောက်​သည် ဒါ​ဝိဒ်​ထံ​သို့​လာ၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏​စိတ်​နှ​လုံး​သည် အ​ဗ​ရှ​လုံ​ဘက်​သို့ ပါ​သွား​ပါ​ပြီ​ဟု ကြား​လျှောက်​လေ၏။

တစ်​နေ့​သ၌ ယော​ဘ၏​သား​သ​မီး​တို့​သည် အစ်​ကို​အ​ကြီး​အိမ်​တွင် စား၍ စ​ပျစ်​ရည်​ကို​သောက်​လျက် နေ​ကြ​စဉ်၊

ရှေ​ဘ​အ​မျိုး​သား​တို့​သည် တိုက်​ယူ​သွား​ကြ​ပါ​ပြီ။ လူ​စောင့်​တို့​ကို​လည်း ဓား​နှင့်​သတ်၍ ကျွန်​တော်​တစ်​ယောက်​တည်း ကျန်​ရစ်​လျက်၊ ကိုယ်​တော်​အား သ​တင်း​ကြား​ပြော​ရ​ပါ​သည်​ဟု လျှောက်​လေ၏။

ကြံ့​ကို ထွန်​ကြောင်း​သို့ လိုက်​စေ​ခြင်း​ငှာ ကြိုး​နှင့် ချည်​နိုင်​သ​လော။ သို့​မ​ဟုတ် သင့်​နောက်​သို့​လိုက်၍ ချိုင့်၌ လယ်​ထွန်​လိမ့်​မည်​လော။

ရန်​သူ​တို့​သည် မြို့​တော်​ကို တစ်​ဖက်​တစ်​ချက်​တိုက်​ဝင်​ကြ​ပြီ ဟူ၍​လည်း​ကောင်း၊ လမ်း​ဝ​ကို ပိတ်​ထား၍ ရေ​ကန်​နား​မှာ မီး​ရှို့​ကြောင်း​နှင့်၊ စစ်​သူ​ရဲ​တို့​သည် ကြောက်​လန့်​လျက်​ရှိ​ကြ​ပြီ ဟူ၍​လည်း​ကောင်း၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​အား ကြား​လျှောက်​အံ့​သော​ငှာ၊ မင်း​လု​လင်​ချင်း တစ်​ယောက်​ကို​တစ်​ယောက်၊ စေ​လွှတ်​သူ​ချင်း တစ်​ယောက်​ကို​တစ်​ယောက် တွေ့​ကြုံ​လျက် ပြေး​လာ​ကြ၏။

တ​မန်​က၊ ဣ​သ​ရေ​လ​အ​မျိုး​သည် ဖိ​လိ​တ္တိ​လူ​တို့​ရှေ့​မှာ​ပြေး၍ ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​ကို ခံ​ရ​ကြ​ပါ​ပြီ။ ကိုယ်​တော်၏​သား၊ ဟော​ဖ​နိ​နှင့် ဖိ​န​ဟတ်​နှစ်​ယောက်​တို့​သည် သေ​ပါ​ပြီ။ ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​သည်​လည်း ရန်​သူ​လက်​သို့ ရောက်​ပါ​ပြီ​ဟု ပြန်​လျှောက်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ