တစ်နေ့သ၌ ယောဘ၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်တွင် စား၍ စပျစ်ရည်ကိုသောက်လျက် နေကြစဉ်၊
ထာဝရဘုရားကလည်း၊ သူ၏ဥစ္စာရှိသမျှသည် သင့်လက်၌ရှိ၏။ သူ့ကိုယ်တစ်ခုကိုသာ မထိမခိုက်နှင့်ဟု မိန့်တော်မူလျှင်၊ စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွားလေ၏။
ယောဘထံသို့ တစ်မန်တစ်ယောက်လာ၍၊ နွားတို့သည် လယ်ထွန်လျက်၊ သူတို့အနားမှာ မြည်းမတို့သည် ကျက်စားလျက်ရှိကြသောအခါ၊
ယောဘ၏သားတို့သည် နှစ်စဉ်အတိုင်း အသီးအသီးဖွားသော နေ့ရောက်လျှင်၊ မိမိတို့အိမ်၌ ပွဲခံသဖြင့်၊ နှမသုံးယောက်ကိုလည်း ခေါ်၍ အတူစားသောက်လေ့ ရှိကြ၏။
နက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်။ တစ်ရက် အတွင်းတွင် အဘယ်သို့ ဖြစ်လိမ့်မည်ကို မသိနိုင်။
လူသည် မိမိကာလအချိန်ကို မသိတတ်။ ဘေးပြုရာ ပိုက်ကွန်အုပ်မိသောငါးကဲ့သို့လည်းကောင်း၊ ကျော့ကွင်း၌ ကျော့မိသောငှက်ကဲ့သို့လည်းကောင်း၊ လူသားတို့သည် ဘေးပြုရာကာလထဲသို့ အမှတ်တမဲ့ရောက်၍ ကျော့မိတတ်ကြ၏။
သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လောကီ စိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်၊ ထိုနေ့ရက်သည် အမှတ်တမဲ့ သင်တို့နှင့် တွေ့ကြုံလိမ့်မည်။-